ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့ထဲ စစ်တပ် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်တပ်ထုတ်ပြန်

သီပေါမြို့ထဲ စစ်တပ် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်တပ်ထုတ်ပြန်

Hsan Loi Editor
17/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင်းသို့ ယမန်နေ့ ညနေပိုင်းအချိန်က စစ်တပ် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။May be an image of one or more people and text
TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ ၎င်းဒေသတစ်ဝိုက်အား စစ်တပ်က ပြန်လည်သိမ်းပိုက် ရရှိရေးတွက် ဆက်လက်ထိုးစစ်ဆင်ပြီး သီပေါမြို့အဝင် တိုးဂိတ်သို့ရောက်ရှိစဥ် TNLA တပ်ဖွဲ့မှ မြို့တွင်းရှိ အကျဥ်းဦးစီးဌာန၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ် အပါအဝင် အခြားဌာနဆိုင်ရာ အဆောက် အအုံနဲ့ ပြည်သူနေအိမ်များ မီးရှို့ထွက်ပြေးသွားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
TNLA တပ်ဖွဲ့တွေအနေနဲ့ နမ္မတူဘက်သို့ ဆုတ်ခွာသွားတယ်လို့ သိရပြီး ယနေ့နံနက်ပိုင်းမှာ သီပေါမြို့ထဲသို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြိုဆိုနေတဲ့ ဗီဒီယိုဖိုင်ကို စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်က ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်ကာ ၁၅ ရက်အကြာမှာ သီပေါမြို့ကို စစ်တပ်က ပြန်လည်သိမ်းယူနိုင် ခဲ့တာပဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းက TNLA ထိန်းချုပ်ထားတဲ့ မြို့ ၁၂ မြို့ထဲမှ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါ ကို ပြန်လည်လက်လွတ်ရပြီး နမ့်ဆန်၊ မိုးကုတ်၊ နမ္မတူနဲ့ မိုးမိတ် တို့ကို စစ်တပ်က လေကြောင်းနဲ့ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။