သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးအချို့ ယနေ့ အောက်တိုဘာလ ၁၆ ရက် မွန်းလွှဲပိုင်း အချိန်က မီးလောင်မှု
ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

သီပေါမြို့ရှိ စိုက်ပျိုးရေးရုံး၊ ဟိုတယ်သီပေါ၊ မြေစာရင်း ရုံးနဲ့ ထွေအုပ်ရုံး စတဲ့နေရာတွေ မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပြီး အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

သီပေါမြို့ကို ယနေ့ နေ့လည်ထိ TNLA တပ်ဖွဲ့ က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပြီး ယခု ဌာနဆိုင်ရာရုံး မီးလောင်တာနဲ့ ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကော်မရှင်တပ်က သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ယမန်နေ့က သီပေါမြို့အနီး ၂ မိုင်ခန့်မှာ ရောက်ရှိနေပြီး ဒရုံးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာကြောင့် စစ်တပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာပဲဖြစ်ပါတယ်။