တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးအချို့ မီးလောင်နေတယ်လို့ဆို

သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးအချို့ မီးလောင်နေတယ်လို့ဆို

Hsan Loi Editor
17/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးအချို့ ယနေ့ အောက်တိုဘာလ ၁၆ ရက် မွန်းလွှဲပိုင်း အချိန်က မီးလောင်မှု
ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။
May be an image of fire
သီပေါမြို့ရှိ စိုက်ပျိုးရေးရုံး၊ ဟိုတယ်သီပေါ၊ မြေစာရင်း ရုံးနဲ့ ထွေအုပ်ရုံး စတဲ့နေရာတွေ မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပြီး အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။May be an image of fire, tree and fog
သီပေါမြို့ကို ယနေ့ နေ့လည်ထိ TNLA တပ်ဖွဲ့ က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပြီး ယခု ဌာနဆိုင်ရာရုံး မီးလောင်တာနဲ့ ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကော်မရှင်တပ်က သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ယမန်နေ့က သီပေါမြို့အနီး ၂ မိုင်ခန့်မှာ ရောက်ရှိနေပြီး ဒရုံးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာကြောင့် စစ်တပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာပဲဖြစ်ပါတယ်။