သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံပြည်သူ ၄ ထောင်နီးပါး စစ်ဘေးတိမ်းရှောင် နေရကာ စားနပ်ရိက္ခာနှင့် အကူအညီတွေလိုအပ်နေ

သျှမ်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံပြည်သူ ၄ ထောင်နီးပါး စစ်ဘေးတိမ်းရှောင် နေရကာ စားနပ်ရိက္ခာနှင့် အကူအညီတွေလိုအပ်နေ

Hsan Loi Editor
15/10/2025
Share:
သျှမ်း-ကရင်နီနယ်စပ်ရှိ ပင်လောင်း-ဖယ်ခုံနယ်စပ်တို့တွင် စစ်ကော်မရှင်ပူးပေါင်းတပ်နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တို့အကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပင်လောင်း−ဖယ်ခုံနယ်စပ်တစ်လျှောက်တွင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ယနေ့အထိ စစ်ကော်မရှင်တပ်နှင့်PNO ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲများပြင်းထန်ကာ တစ်လနီးပါးကြာသည်နှင့်အမျှ ကျေးရွာပေါင်း ၈ ရွာ ခန့်လောက်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။No photo description available.
စစ်ဘေးရှောင်ပြည်သူအနေနဲ့ စားနပ်ရိက္ခာနဲ့ နေထိုင်ရန် အမိုးအကာ၊ အကူအညီတွေလိုအပ်နေပြီး တိုက်ပွဲကြားက စစ်ရှောင်ဖို့ ကျန်ရှိနေသေးတဲ့ ကျေးရွာ ၂ ဟာ အရေးပေါ် ကား စက်သုံးဆီတွေ လိုအပ်နေသလို ရွှေ့ပြောင်းဖို့အတွက် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတွေဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရပါတယ်။
သျှမ်းတောင်-ကရင်နီနယ်စပ်ရှိ ကျေးရွာဘက်များတွင် စစ်ကော်မရှင်တပ်နှင့်PNO ပူးပေါင်းတပ်တို့က အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသလို ပြီးခဲတဲ့ အောက်တိုဘာလ ၁၃ ရက်က ဖယ်ခုံမြို့နယ်၊ ဘောရန်ကျေးရွာကို စစ်ကော်မရှင်နဲ့ PNOတို့က မီးရှို့ဖျက်ဆီးခဲ့သလို အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်ရှိ မြောက်စလုံးကျေးရွာထဲ ဝင်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ ဒရုံးများဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
May be an image of child
အလားတူ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ကရင်နီ-သျှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်တွင် လည်း စစ်ကော်မရှင်တပ်နှင့် PNO တို့က စစ်မျက်နှာ ၅ ခုဖွင့်ပြီး နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။May be an image of one or more people and text
သျှမ်းတောင်-ကရင်နီ နယ်စပ်တစ်လျှောက် စစ်ကော်မရှင်ပူးပေါင်းတပ်တို့ စစ်မျက်နှာများဖွင့်ကာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံပြည်တွေ၊ ကရင်နီပြည်နယ် အတွင်းရှိ နေထိုင်ကြတဲ့ ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ လုံခြုံရေးသတိနဲ့ သွားလာကြရန် KNDF မှ အသိပေး ထုတ်ပြန်ထားပါတယ်။