နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

Hsan Loi Editor
14/10/2025
Share:
TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
May be an image of lumberyard
စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုရှိသလို မူကြိုကျောင်းအပါအဝင် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
May be an image of text that says 'တိုင်ပွေးလေးဆဒါ ဗွေးလေး ลองไว้ E O'
ယမန်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက် တာကြောင့် အရပ်သား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်မရှင်တပ်ဟာ TNLA ထိန်းချုပ်ဒေသအတွင်းရှိ မြို့ရွာများကို လေကြောင်းအပြင် ဒရုံးနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ၂ ပတ်အတွင်း အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
photos_Credit