နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်၊ ပင်တိန်ကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်အလုံး ၅၀ ခန့် မီးရှို့ဖျက်ဆီးခံရ ရွာတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်မရှိတော့တာကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်၊ ပင်တိန်ကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်အလုံး ၅၀ ခန့် မီးရှို့ဖျက်ဆီးခံရ ရွာတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်မရှိတော့တာကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

Hsan Loi Editor
13/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်း စစ်တပ်နဲ့ TNLA တို့ နှစ်ဖက် ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ပင်တိန်ကျေးရွာမှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး ဒေသခံပြည်သူများ၏ နေအိမ် အလုံး ၅၀ ခန့် မီးရှို့ဖျက်ဆီး ခံရတယ်လို့ စုံစမ်းသိရပါတယ်။May be an image of tree
နောင်ပိန်တိုက်နယ်အတွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက် ဆုံးပတ်က စပြီး စစ်တပ်နဲ့ တအာင်းတပ်TNLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ နောင်ပိန်ရှိ ပုဗ္ဗာရုံ၊ ပင်တိန်၊ ပင်တီး ကျေးရွာရှိ ဘုန်းကြီးကျောင်းများလည်း ထိခိုက်ပျက်စီးကာ လူထိခိုက်သေဆုံးမှု များစွာရှိပြီး နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
May be an image of tree
မြေပြင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာမှုကြောင့် နောင်ပိန်တိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ကျေးရွာအတွင်းသို့ တအာင်းတပ် TNLA ဝင်ရောက်ပြီး ခံစစ်တည်ဆောက်ကာ စစ်တပ်ကို ဆက်လက် ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
နောင်ပိန်တိုက်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ပင်တိန်ကျေးရွာက ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး နောင်ပိန်၊ ခေးနင်း၊ ပင်တီး၊ နောင်ပစ်၊ လုပ်ပါ၊ လုံကျိန်၊ ခဲလုံ၊ ကောင်းမူးလျှံ၊ ခိုက်တုန်ဟုန်း၊ မက်မန်းကုန်းကော်၊ စခန်းသာနဲ့ ကျောက်မဲ တို့လည်း ထိခိုက်ပျက်စီးမှုများရှိပြီး အရပ်သားသေဆုံးမှုလည်း များစွာရှိနေပါတယ်။
May be an image of lumberyard
“ပင်တိန်ရွာရဲ့ အဓိက ပျက်စီးမှုက ပြည်သူတွေ ရွာထဲကနေ စစ်ရှောင်ထွက်ပြေးသွားချိန် ရွာထဲကို ပလောင်စစ်သားတွေက ခံစစ်ဆောက်ပြီး လာရောက်နေထိုင်တယ်၊ အဲ့ချိန်မှာ စစ်တပ်က ဒရုန်းနဲ့ ပင်တိန်ရွာထဲ သူတို့(TNLA)ကို ထောက်လှမ်းတဲ့အချိန်မှာ မြေပြင်ရဲ့ မြင်ကွင်းတွေ မမြင်ရအောင် ပလောင် (TNLA) တွေက ရွာအိမ်တွေ မီးရှို့ပြီး မှိုင်းတိုက်လိုက်တာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် စစ်တပ်ဘက်ကပဲ ရွာထဲဝင်ပြီး မီးရှို့တာလည်းဖြစ်နိုင်တယ်။” လို့ မြေပြင်အခြေအနေအမှန် သိရှိသူ တစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
အဘယ်ကြောင့် မီးရှို့ခံရတယ်လို့ ပြောနိုင်လည်းဆိုတဲ့ကိစ္စကို နေအိမ်တော်တော်များများက လက်နက်ကြီးထိမှန်တဲ့ ကျည်အရာတွေမရှိဘဲ စစ်ရှောင်ပြည်သူတွေရဲ့ အဝတ်အစားတွေ စောင်တွေကို အိမ်တိုင်တွေမှာ စုပုံပြီး မီးရှို့ ဖျက်ဆီးထားတဲ့ သက်သေတွေရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မေးမြန်းသိရှိနိုင်ဖို့ TNLA ရဲ့ ပြောခွင့်ရဖြစ်သူ လွေးယေဦး ကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
တိုက်ပွဲကြောင့် ဒေသခံပြည်သူများရဲ့ ဆုံးရှံးသွားတဲ့ အသက်တွေ နေအိမ်အဆောက်အဦနဲ့ စည်းစိမ်ပစ္စည်း ဥစ္စာတွေကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူပေးမယ်ဆိုတဲ့ မေးခွန်းကို အရပ်သား ပြည်သူတိုင်းက သိချင်နေကြပါတယ်။
လက်ရှိ နောင်ပိန်တိုက်နယ်ထဲ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ပေမယ့် ဒေသခံအများစုရဲ့ နေအိမ် မီးလောင်ပျက်စီး ဆုံးရှုံးထားတာကြောင့် ရွာတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်တွေလည်း မရှိတော့သလို စားဝတ်နေရေးအတွက်လည်း အဆင်မပြေမှု‌တွေဖြစ်ကာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ပင်တိန်ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။