သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး မှာမိုးကြီးလို့ မြေပြိုပြီး နေအိမ်တစ်လုံးပြိုကျ

တောင်ကြီး မှာမိုးကြီးလို့ မြေပြိုပြီး နေအိမ်တစ်လုံးပြိုကျ

Hsan Loi Editor
12/10/2025
Share:
တောင်ကြီး မှာ အောက်တိုဘာ ၁၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေဖြူရပ်ကွက် နယ်မြေ (၇) ၊ အောင်မင်္ဂလာကျောင်းအောက်ဖက်မှာ မြေပြိုပြီးနေ အိမ်တလုံးပြိုကျ ပျက်စီး ခဲ့တယ်တယ်လို့ သိရပါတယ်။
“ မနေ့က ညနေ ၄ နာရီ ဝန်းကျင် မှာ မြသုခ အောက်ဖက်ခြမ်းတစ်ခြမ်းလုံးမိုးအရမ်းကြီးတယ် ၊ အပေါ်ဖက်က မိုး လုံးဝမရွာဘူး ခုပြိုကျတဲ့အိမ်က လူမနေဘူး ချောက်ကမ်းဘားပေါ် ဆောက်ထားသလိုဖြစ် နေ တဲ့အနေအထားပေါ့ အဲ့ဒီအိမ်အောက်ဖက်က တစ်ထပ်အိမ်လေးတော့ နည်းနည်းထိသွားတယ် ” လို့ တောင်ကြီး မြို့ခံတစ်ဦးကပြောပါတယ်။
ပြိုကျခဲ့တဲ့ အိမ်ဟာ လူနေထိုင်ခြင်းမရှိ တဲ့အတွက် လူထိခိုက်မှုမရှိ ပေမဲ့ အောက်ဖက်က တစ်ထပ်အိမ် အနည်းငယ်ထိခိုက် ပျက်စီး ခဲ့တယ်လို့ သိရပါတယ် ။
လွန်ခဲ့တဲ့ ၁၀ စုနှစ်ကလည်း တောင်ကြီး မြိုု့မှာ တက္ကသိုလ်ကျောင်း သားများအဆောင် နဲ့အနီးတစ်ဝိုက်က နေအိမ်တစ်လုံး မြေပြိုမှုကြောင့်အိမ်ပြိုကျပြီး မိသားစုလိုက် သေဆုံးခဲ့ဖူးပါတယ်။
မိုးရာသီမှာ တောင်ကြီး မြို့ပေါ်က တောင်ဇောင်းတွေမှာ ဆောက်ထားတဲ့ လူနေအိမ်တွေ ၊ ဖို့မြေတွေပေါ်မှာဆောက်ထားတဲ့အိမ် တွေ အပါအဝင် ချိုင့်ဝှမ်းတွေ ချောင်းဘေးတွေမှာ ရှိတဲ့ လူနေအိမ်တွေ အနေနဲ့ သတိထားသင့်တယ်လို့ မြို့ခံများ
သတိပေးထားပါတယ်။