နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ခြံထွက်သီးနှံများ စျေးနှုန်း အဆင်မတန် ကျဆင်းကာ တောင်သူများ စီးပွားရေးကြပ်တည်း လာတာကြောင့် ဒေသခံလူငယ်တွေ ပြည်ပနိုင်ငံသို့ အလုပ်ထွက်လုပ်သူ များပြားလာ

ခြံထွက်သီးနှံများ စျေးနှုန်း အဆင်မတန် ကျဆင်းကာ တောင်သူများ စီးပွားရေးကြပ်တည်း လာတာကြောင့် ဒေသခံလူငယ်တွေ ပြည်ပနိုင်ငံသို့ အလုပ်ထွက်လုပ်သူ များပြားလာ

Hsan Loi Editor
11/10/2025
Share:
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရား၊ တီဂျစ်နဲ့ ဘုရားဖြူကျေးရွာအုပ်စုထဲ နေထိုင်ကြတဲ့ ဒေသခံတောင်သူများရဲ့ ခြံထွက်သီးနှံများဖြစ်တဲ့ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် စတဲ့ သီးနှံများ ဈေးနှုန်းအဆမတန် ကျဆင်းကာ တောင်သူများ စီးပွားရေး ကြပ်တည်းလာတာကြောင့် ဒေသခံ လူငယ်များလည်း ပြည်ပနိုင်ငံသို့ အလုပ်ထွက်လုပ်သူများ များပြားလာတယ်လို့ သိရပါတယ်။
လက်ရှိ ကြက်သွန်ဖြူ စျေးနှုန်းများလည်း မကြုံစဖူး စံချိန်တင် စျေးနှုန်းကျဆင်းနေသလို ခြံထွက် ဂေါ်ဖီထုပ်များ စျေးမရှိတာကြောင့် လူငှားပြီး တစ်ခြံလုံး ဓားနှင့်ခုတ်ပစ်ရကာ တောင်သူများ အရှုံး ပေါ်နေတယ်လို့ သိရပါတယ်။
No photo description available.
” အခုကြက်သွန်ဖြူအသေး တစ်ပိဿာကို ၅၀၀ ကျပ်ပဲရတယ်၊ ကားအပြည့်တင်သွားတာကို ၁၀ သိန်း တောင်မရတော့ဘူး၊ ခရမ်းချဉ်သီးဆိုလည်း ဒီတိုင်းပဲ၊ ဂေါ်ဖီထုပ်တွေဆို ဝယ်တဲ့ပွဲစားမရှိရင် တစ်ခြံလုံး ခုတ်ပစ်ရတာ၊ ခုတ်ပစ်တာလည်း အလကားမဟုတ်ဘူးလေ လူငှားပြီး ခုတ်ရတယ်ဆိုတော့ ပိုက်ဆံတွေ ထပ်ကုန်တာပေါ့၊ မြေဩဇာဖိုးတွေ ဖျန်းဆေးတွေ ဈေးကြီးတယ်၊ အရင်တုန်းကဆို အမြတ်က ကျန်သေးတယ်လေ၊ အခုက အရမ်းခက်ခဲတယ်၊ များများလုပ်ရင် များများရှုံးတာပဲ၊ တစ်နှစ်လုံး လုပ်တာတောင်မှ ဘာမှမကျန်တော့ဘူးလေ၊ အဲ့ကြောင့် လူငယ်တွေရော သက်ကြီးပိုင်းတွေရောပဲ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကုန်ကြတယ်” လို့ ဒေသခံတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
ဒါ့အပြင် စီးပွားရေးအခက်အခဲကြောင့် ဒေသခံပြည်သူတွေ အကြပ်အတည်းနဲ့ရင်ဆိုင်နေရချိန် စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO)တို့ ၂ ဖွဲ့လုံးကလည်း လစဥ် စစ်မှုထမ်းကြေး ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။