နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးမိတ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

မိုးမိတ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

Hsan Loi Editor
11/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲ စစ်ကော်မရှင်တပ်မှ လေ‌ကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်တာကြောင့် ကလေး ၂ ဦး အပါအ၀င် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။No photo description available.
ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၇ နာရီ၀န်းကျင် အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာထဲသို့ စစ်ကော်မရှင်တပ်မှ ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။No photo description available.
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။No photo description available.
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်မှလေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၁ ဦးအပါအ၀င် ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။