နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးမိတ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

မိုးမိတ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

Hsan Loi Editor
11/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲ စစ်ကော်မရှင်တပ်မှ လေ‌ကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်တာကြောင့် ကလေး ၂ ဦး အပါအ၀င် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။No photo description available.
ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၇ နာရီ၀န်းကျင် အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာထဲသို့ စစ်ကော်မရှင်တပ်မှ ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။No photo description available.
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။No photo description available.
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်မှလေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၁ ဦးအပါအ၀င် ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။