နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်တွင် နေအိမ်ရှေ့အထိ သေနတ်ပစ်ခတ်လုပ်ကြံမှုကြောင့်အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ၇ ချက်ဖြင့်အရေးပေါ်ဆေးရုံတင်ထားရ

တာချီလိတ်တွင် နေအိမ်ရှေ့အထိ သေနတ်ပစ်ခတ်လုပ်ကြံမှုကြောင့်အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ၇ ချက်ဖြင့်အရေးပေါ်ဆေးရုံတင်ထားရ

Hsan Loi Editor
09/10/2025
Share:
တာချီလိတ် မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် ၊ ခေတ္တာ လမ်း နေထိုင်သူ အမျိုးသားတစ်ဦးသည် အောက် တိုဘာလ (၈)ရက် ညပိုင်း ၉ နာရီ ခွဲအချိန်ဝန်းကျင်တွင် အပြင်က ပြန်လာပြီး နေအိမ်ရှေ့အရောက်တွင် နောက်ယောင်ခံလိုက်လာသည့် ကားတစ်စီးမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း မြို့ခံ သတင်းရင်းမြစ်ထံမှ သိရသည်။
သေနတ်ပစ်ခတ်ခံရသူအမျိုးသားမှာ အသက် (၃၅)နှစ် အရွယ်ရှိပြီး ပုံလို့လမ်းမှ နေအိမ်သို့ အပြန်လမ်းတွင် တစ်အိမ်တည်း အတူနေ သူငယ်ချင်းနှင့်အတူ ကားရှေ့ဆင့် နောက်ဆင့်မောင်းကာ ပြန်လာကြရာမှ နောက်ယောင်ခံလိုက်လာသည့် ကားတစ်စီးမှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
May be an image of car
နောက်ယောင်ခံလိုက်လာသည့် ကားအမဲရောင်ပေါ်မှအမည်မသိ အမျိုးသား(၂)ဦးဆင်းလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ယာဘက်ဦးခေါင်းဂျိုစောင်းဖောက်၀င်ဒဏ်ရာ (၂)ချက်၊ နောက်ကျောဖောက်၀င် သေနတ်ဒဏ်ရာ (၅)ချက် ရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည့်သူ့ဆေးရုံကြီးတွင် စိုးရိမ်ရ အတွင်း လူနာအဖြစ် ရောက်ရှိနေကြောင်းသိရသည်။
” တစ်နေ့တစ်နေ့ တာချီလိတ်မှာ ကားတိုက်လိုက် သေနတ်ပစ်လိုက်နဲ့ အက်ရှင်ဇာတ်ကားထဲကလိုပါပဲ ၊ ခုလို သေနတ်ပစ်ခတ်ခံရတာတွေ ဒီမြို့မှာက ထမင်းစားရေသောက် ပဲ ခဏခဏကြားရတော့ မထူးဆန်းတော့ပါဘူး အဓိက လူစိတ်ပျောက်တတ်တဲ့ မူးယစ်ဆေးတွေကိုလူငယ်တွေအ သုံးများလာတာရယ် ၊နောက်ပြီး နယ်စပ်ဒေသ လုံခြုံရေး မပေးနိုင်တဲ့ တာဝန်မယူနိုင်တဲ့ စားဖား ဝန်ထမ်းတွေကြောင့်လို့ မြင်တယ်” ဟု ဆန်ဆိုင်း အတွင်းနေထိုင်သူ မြို့မိမြို့ဖ တစ်ဦးက ပြောသည် ။
ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူများမှ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံ အမြန်ဆုံးဖမ်းမိစေရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း နယ်မြေခံရဲသတင်းများကဆိုသည် ။
တာချီလိတ်မြို့နယ်အတွင်း မကြခဏဆိုသလို ဒုစရိုက်မှုများ ဖြစ်သည့် ဓါးထိုးမှု ၊ သေနတ်ဖြင့်ပစ်ခတ်မှု ၊မူးယစ်‌ဆေးဝါး မှုအပြင် ခိုးဆိုလုနှိုက်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သ်ရသည် ။