နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းမြောက်သီပေါမြို့ရှိ စံဖိတ်ကွက်သစ် ဗုံးကြဲခံရ၊ ဟိုတယ်အဆောက်အဦး ၁ လုံးပျက်စီး

သျှမ်းမြောက်သီပေါမြို့ရှိ စံဖိတ်ကွက်သစ် ဗုံးကြဲခံရ၊ ဟိုတယ်အဆောက်အဦး ၁ လုံးပျက်စီး

Hsan Loi Editor
03/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ စံဖိတ်ကွက်သစ်ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၁ လုံးထိမှန် ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက် ည ၁၀ နာရီကျော် အချိန်က သီပေါမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ဗုံးကြဲတာကြောင့် စံဖိတ်ကွက်သစ်ရှိ ကုမုဒြာဟိုတယ် အနောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲပြီး ဗုံးစတွေကြောင့် ဟိုတယ်အဆောက်အဦး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
No photo description available.
အလားတူ ယမန်နေ့တွင်လည်း နမ္မတူမြို့ နဲ့ မန်တုံမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် နမ္မတူမှာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ မန်တုံ တို့ကို လေကြောင်းနဲ့ ဆက်လက်တိုက်ခိုက်လာပြီး မန္တလေး−လားရှိုး ကုန်သွယ်ရေး လမ်းကြောင်းပွင့်ဖို့ သီပေါမြို့သာ ကျန်ရှိနေတော့တာကြောင့် အထူးသတိပြု ရှောင်ကြဖို့ ပြည်သူများ အချင်းချင်း သတိပေးပြောဆိုထားကြပါသည်။