နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့ကို  ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည်ဝင်​ရောက်လာ၊ ဒေသခံစစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပေးသေး

ကျောက်မဲမြို့ကို ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည်ဝင်​ရောက်လာ၊ ဒေသခံစစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပေးသေး

Hsan Loi Editor
03/10/2025
Share:
စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဌာနဆိုင်ရာဝန်ထမ်းတွေ အောက်တိုဘာ ၂ ရက်နေ့ ကပြန် လည်ဝင်ရောက်လာကြပေမဲ့ ဒေသခံစစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
” ဌာနဆိုင်ရာတွေကတော့ မနေ့ကတည်းက သူတို့ ကားတွေ တန်းစီပြီးဝင်နေကြပြီ ၊ စစ်တပ်က နယ်မြေ ရှင်းလင်းရေး အကြောင်း ပြပြီးမပေးဝင်သေးဘူး၊ ကျွန်မတို့လဲ အမြန်ဝင်ချင်ပါတယ် အိမ်ကဘယ်လိုဖြစ်နေပြီလဲတောင်မတွေးရဲတော့ဘူး” လို့ ကျောက်မဲ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့မှ သီပေါဘက် အထွက်လမ်းက တိုးဂိတ် အ ကျော်မှာ စစ်ကော်မရှင်တပ်နဲ့ TNLA တို့ မနေ့ကအထိ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
May be an image of car, road and grass
ဌာနဆိုင်ရာ ကား တွေဟာ ရာနဲ့ချီ နောင်ချိုလမ်းဘက်ကနေ လမ်းမကြီးအတိုင်း ကျောက်မဲကို ရောက်ရှိလာတာဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံတွေကို တော့ စိစစ်ဝင်​ရောက်ခွင့်ပြုမှာဖြစ်​တယ်လို့ သိရပါတယ် ။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က TNLA နဲ့ဒေသကာကွယ်ရေး
ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်လိုက်တာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာတော့ စစ်ကော်မရှင်တပ်ဖွဲ့က အလုံးစုံ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း စစ်ရေးငြိမ်သက်မှုမရှိသေးတဲ့ ကျောက်မဲနဲ့ သီပေါ မြို့ နှစ်မြို့လုံး ကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် ။