နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မြို့တွင် လမ်းလျှောက်နေ သူအမျိုးသားတစ်ဦးထံ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် လမ်းလျှောက်နေ သူအမျိုးသားတစ်ဦးထံ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Hsan Loi Editor
03/10/2025
Share:
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်မှာ အောက် တိုဘာ၂ ရက်နေ့က လမ်းလျှောက်လာသူအမျိုးသား တစ်ဦးထံ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC က ဖော်ပြထားပါတယ် ။
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်မှာ လမ်း လျှောက် လာသူအသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒေသအာဏာပိုင်တွေ ရှာဖွေစစ်ဆေးခဲ့ရာ သိန်း ၃၀ ကျော်တန်ဖိုး ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ ပြား ကို သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ် ။
ဟောင်လိတ်နယ်မြေရဲစခန်းက ၄င်းအမျိုးသားကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ် ။
” တာချီလိတ်ကမူးယစ် ဆေးဝါးမြို့လေ မကြာခဏအဖမ်းဆီးကြားရတယ် ဒါပေမဲ့ ၁၂ ဘီးကားနဲ့ အများကြီးမိရင် ပိုင်ရှင် အမြဲလွတ်မြောက်နေတယ် မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပြီး ခိုးဆိုးလုနှိုက်မှုတွေလည်း ဆက်တိုက်ပဲ ” လို့ မြို့ခံတစ်ဦးကပြောပါတယ် ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ လည်း တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ လွယ်ယွန်းခမ်းစေတီအနီးလမ်းကြားမှာ ရပ်တန့်ထားတဲ့ မော် တော်ယာဉ်(၃) စီးပေါ်က ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ကဖင်းအဖြူရောင်အမှုန့် ဆာလာအိတ် နဲ့ အိတ် ၁၀၀ ကိုယာဥ်မောင်း ၅ ဦးနဲ့အတူဖမ်းဆည်းရမိပေမယ့် ပစ္စည်း ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်နေ တဲ့အတွက်ယနေ့အထိ ဖမ်းဆည်းရမိခြင်းမရှိသေးဘူးလို့ သိရပါတယ် ။