TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နဲ့ မန်တုံမြို့မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ယနေ့ နံနက် ၇း၂၀ နာရီအချိန်က နမ္မတူမြို့ရှိ ပုဗ္ဗာရုံကျောင်းအနီးမှာ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိကာ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မန်တုံမြို့ကိုလည်း စစ်တပ်က ဗုံး ၄ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေအနေကိုတော့ ဖော်ပြမထားပါဘူး။

မန်တုံဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုအခြေအနေသိရဖို့ Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယမန်နေ့က စစ်တပ်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး နောက် ယနေ့ နမ္မတူ နဲ့ မန်တုံကို ဆက်လက်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။