သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နမ္မတူနှင့် မန်တုံမှာ စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

နမ္မတူနှင့် မန်တုံမှာ စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
02/10/2025
Share:
TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နဲ့ မန်တုံမြို့မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ယနေ့ နံနက် ၇း၂၀ နာရီအချိန်က နမ္မတူမြို့ရှိ ပုဗ္ဗာရုံကျောင်းအနီးမှာ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိကာ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
May be an image of 4 people
အလားတူ မန်တုံမြို့ကိုလည်း စစ်တပ်က ဗုံး ၄ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေအနေကိုတော့ ဖော်ပြမထားပါဘူး။
No photo description available.
မန်တုံဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုအခြေအနေသိရဖို့ Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယမန်နေ့က စစ်တပ်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး နောက် ယနေ့ နမ္မတူ နဲ့ မန်တုံကို ဆက်လက်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။