သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့တွင်းဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဝင်ရောက်ထိန်းချုပ်နိုင် မြို့ပြင်တိုးဂိတ်အနီးမှာ TNLA နဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ

ကျောက်မဲမြို့တွင်းဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဝင်ရောက်ထိန်းချုပ်နိုင် မြို့ပြင်တိုးဂိတ်အနီးမှာ TNLA နဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ

Hsan Loi Editor
02/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်းဝန်းကျင်မှာ ယနေ့ အောက်တိုဘာ လ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်က ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ စစ်တပ်ထောက်ခံ တယ်ရီဂရမ်ချန်နယ်က ယနေ့ညနေပိုင်းက ရေးသားဖော်ပြလာပါတယ်။
ကျောက်မဲမြို့တစ်ခုလုံးကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်သေးတာ မဟုတ်ဘဲ မြို့ပြင်ရှိ တိုးဂိတ်အနီးမှာ TNLA နဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
May be an image of 9 people and text
“ စစ်တပ်က မြို့ထဲကို ဝင်လာပြီ၊ မြို့ရဲ့ အလုံးစုံကိုတော့ မသိမ်းနိုင်သေးဘူး၊ အခုအေးရှားဝေါလ်တိုးဂိတ် ဘက်မှာ ပစ်ခတ်ကြတုန်းပဲ” လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး TNLA ဘက်က တစ်စုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။
ကျောက်မဲမြို့ဟာ တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဇူလိုင်လအတွင်းက နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။