ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ဘက် အရပ်ဖက် အငြိမ်းစားဝန်ထမ်းနဲ့ လက်ရှိဝန်ထမ်းများအတွက် အောက်တိုဘာလ ၁ ရက်နေ့ က စပြီး အပိုထောက်ပံ့ကြေး ၃ သောင်းတိုးမြင့် နေ့စားဝန်ထမ်းနဲ့ အလုပ်သမားများကို တစ်ရက်လုပ်ခလစာ ကျပ် ၇၈၀၀ သတ်မှတ်

စစ်ဘက် အရပ်ဖက် အငြိမ်းစားဝန်ထမ်းနဲ့ လက်ရှိဝန်ထမ်းများအတွက် အောက်တိုဘာလ ၁ ရက်နေ့ က စပြီး အပိုထောက်ပံ့ကြေး ၃ သောင်းတိုးမြင့် နေ့စားဝန်ထမ်းနဲ့ အလုပ်သမားများကို တစ်ရက်လုပ်ခလစာ ကျပ် ၇၈၀၀ သတ်မှတ်

Hsan Loi Editor
02/10/2025
Share:
စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းလုံးရှိ စစ်ဘက် အရပ်ဖက် အငြိမ်းစားဝန်ထမ်းနဲ့ လက်ရှိဝန်ထမ်းများ အတွက် အောက်တိုဘာလ ၁ ရက်နေ့ က စပြီး အပိုထောက်ပံ့ကြေး ၃ သောင်းတိုးမြင့်ပေးလိုက်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
May be an image of 5 people and text
ဒါ့အပြင် နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားများအတွက် တစ်ရက်လုပ်ခလစာကို အပိုထောက်ပံ့ ကြေး ကျပ် ၁၀၀၀ တိုးမြင့်ပြီး စုစုပေါင်း တစ်ရက်လုပ်ခလစာ ကျပ် ၇၈၀၀ သတ်မှတ်ခွင့်ပြုပေးလိုက် တယ်လို့ ဖော်ပြထားပါတယ်။
ဝန်ထမ်းနဲ့ စစ်တပ်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေကို ၂၀၂၃ ခုနှစ် အောက်တို ဘာ လက ပထမဆုံးအကြိမ် အဖြစ် အပို
ထောက်ပံ့ကြေး ၃ သောင်းကျပ်၊ ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး ဒုတိယအကြိမ်အဖြစ် ကျပ် ၃ သောင်းနဲ့ ယခု ထပ်မံပြီး အပိုထောက်ပံ့ကြေးကို တစ်ဦးလျှင် ကျပ် ၃ သောင်း ထပ်တိုးပေးလိုက် တာကြောင့် စစ်ဘက်နဲ့ အရပ်ဖက်ဝန်ထမ်းများ၏ လစဥ်အပိုထောက်ပံ့ကြေး ကျပ် ၉ သောင်း ရရှိမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“အခု အပိုထောက်ပံ့ကြေး ၃ သုံး တိုးပေးတယ်ဆိုတာက သူမဲဆွယ်ချင်တယ်လို့ပဲထင်တယ်၊ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ သူ့ကိုထောက်ခံဖို့အတွက်ပေါ့” လို့ Non CDM ဝန်ထမ်းတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
အရပ်ဘက် အငြိမ်းစားဝန်ထမ်းနဲ့ စစ်ဘက် အငြိမ်းစားဝန်ထမ်းတွေကို လက်ရှိထောက်ပံ့ပေးတဲ့ အပိုထောက်ပံ့ကြေးအပြင် နောက်ထပ် ၃ သောင်း ထပ်မံတိုးပေးလိုက်တာကြောင့် စုစုပေါင်း ၆ သောင်းကျပ်ကို အပိုထောက်ပံ့ကြေးအဖြစ် လစဥ်ခံစားခွင့်ရမယ်လို့ သိရပါတယ်။
လုပ်ငန်းစာချုပ်အစရှိတဲ့ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းပမာဏနဲ့ အရေအတွက်ကိုလိုက်ပြီး အခကြေး ငွေရရှိတဲ့ ဝန်ထမ်းများနဲ့ အလုပ်သမားများ၊ အချိန်ပိုင်းသာ လုပ်ရတဲ့ ဝန်ထမ်းတွေကိုတော့ အပိုထောက်ပံ့ကြေး ခံစားခွင့်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။