နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မောက်မယ်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် တွေမှာ ရေကြီးရေလျှံဖြစ်

မောက်မယ်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် တွေမှာ ရေကြီးရေလျှံဖြစ်

Hsan Loi Editor
02/10/2025
Share:
သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့ နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျ ချောင်းရေတက်လာတာကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက စပြီး နမ့်ယွမ်းချောင်းရေ မြင့်တက်လာကာ မွေတော်ရပ်ကွက်နဲ့ စျေးတန်းရပ်ကွက် အတွင်းက မြေနိမ့်ပိုင်းရှိ နေအိမ်တွေမှာ ရေဝင်ရောက်လာကာ အိမ်ထောင်စုတွေကို မောက်မယ်မြို့နယ် မီးသတ်တပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။
May be an image of 2 people
“အခုရေကြီးတာကတော့ ခါတိုင်းရေကြီးနေကျ ရပ်ကွက်တွေပါပဲ၊ ချောင်းနဲ့နီးတဲ့ စျေးတန်းရပ်ကွက်ထဲက အနိမ့်ပိုင်းရှိ နေအိမ်တွေထဲ ရေဝင်တာပေါ့၊ ပြီးတော့ မွေတော်ရပ်ကွက်ထဲမှာရော၊ ဒီနေ့ မနက်ထိ ရေက နည်းနည်းပဲ ပြန်ကျသေးတယ်” လို့ မြို့ခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
မောက်မယ်မြို့မှာ ဒီနှစ် ဇွန်လ ၁၁ ရက်က တစ်ကြိမ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယခုတစ်ခေါက်အပါ ၂ ကြိမ် ရှိသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
May be an image of 2 people
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောက်မယ်−လင်းခေးလမ်း၊ မောက်မယ်−မိုးနဲလမ်း နဲ့ မောက်မယ်−ဟိုနမ့်− ဆိုက်ခေါင်လမ်းတို့မှာ ရေတိုက်စားကာ လမ်းပျက်စီးမှု ဖြစ်ပွားပြီး လမ်းရေကျော်မှုနဲ့အတူ သွားလာရ အနည်း ငယ် ခက်ခဲမှုရှိတယ်လို့ ခရီးသွားတစ်ဦးထံမှ သိရပါတယ်။
မောက်မယ်မြို့သည် ယမန်နှစ် သြဂုတ်လ လလယ်ပိုင်းကစပြီး တစ်နှစ်အတွင်း ၁၀ ကြိမ်ထက်မက ရေကြီးမှုဒဏ် အကြီးအကျယ် ခံစားရတဲ့ ဒေသဖြစ်ကြောင်းလည်း သိရပါတယ်။