နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လဲချားမြို့တွင် နှစ်ပေါင်းတစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များ တူးဖော်တွေ့ရှိ

လဲချားမြို့တွင် နှစ်ပေါင်းတစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များ တူးဖော်တွေ့ရှိ

Hsan Loi Editor
29/12/2022
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် (၅) ရပ်ကွက် ဟိုနောင်ရပ်ကွက်မှ ဒေသခံများ စုပေါင်းပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် နှစ်ပေါင်း တစ်ထောင်ခန့်ရှိသော ရှေးဟောင်းဘုရားဆင်းထုတော်များစွာကို တူးဖော်တွေ့ရှိခဲ့ကြောင်း Tai TV Online သျှမ်းဘာသာမှ ဖော်ပြထားသည်။

“ဟိုနောင်အွန်ရပ်ကွက် မူလတန်းကျောင်းနားမှာ အရင်က ရှေးစေတီ(၂)ဆူ ရှိတယ်။ ဒါပေမယ့် အဲ့ဒီနားမှာ လူနေအိမ်တွေလည်း များလာတယ်။ အဲ့ဒါကြောင့် ရပ်ကွက်လူကြီးတွေက ဘုရားနဲ့ ပိုပြီး တင့်တယ်တဲ့နေရာကို ရွေ့ပြောင်းဖို့လုပ်ကြတယ်။ ပိုပြီးကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာကို ပြောင်းရွေ့ဖို့ လုပ်ကြတယ်။

ဒီဇင်ဘာလ (၂၆) နဲ့ (၂၇) ရက်နေ့မှာ တူးဖော်ကြရင်းနဲ့ပဲ ရှေးဟောင်းဘုရားဆင်းထုတော် (၆၀) ဆူ ခန့်ကို တူးဖော်တွေ့ရှိခဲ့တယ်။ အဲ့ဒီအထဲမှာ ၁၁ ရာစုနှစ်ကတည်းက သွန်းလောင်းထားသည့် ဆင်းထုတော် (နှစ်ပေါင်း ၉၀၀) ခန့်နဲ့ ပတ္တမြားဆင်းထုတော်နှင့် အခြားဆင်းထုတော်များ ကို တွေ့ရှိခဲ့တယ်။

အခုတော့ တူးဖော်တွေ့ရှိထားတဲ့ ဗုဒ္ဓဆင်းထုတော်များကို အနီးရှိ နေအိမ်တစ်အိမ်ထံ ဒေသခံတွေ ဖူးမြော်နိုင်ဖို့ ခတ္တ ပင့်ဆောင်ထားတယ်” ဟု Tai TV Online ကို ပြောပြခဲ့သည်။

 

credit photos & Tai TV online
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/