ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ထိုင်းတရားရုံးက သက်ဆင် ရှင်နာဝပ် အားထောင် ၁ နှစ်ချမှတ်

ထိုင်းတရားရုံးက သက်ဆင် ရှင်နာဝပ် အားထောင် ၁ နှစ်ချမှတ်

ahadmin
10/09/2025
Share:
ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထိုင်းတရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။
သက်ဆင်သည် ပြည်ပမှာ ၁၅ နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှာ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဖျူထိုင်းပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ သက်ဆင် ဟာ ထိုင်းနိုင်ငံသို့ ရောက်ရောက်ချင်း အာဏာ အလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့ အမှုသုံးခုအတွက် ထောင် ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တစ်နှစ် အထိ လျှော့ချခံခဲ့ရတယ်လို့ သိရပါတယ်။
သက်ဆင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန် ဘန်ကောက်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသော်လည်း အကျဉ်းထောင်မှာ ၁၃ နာရီကြာနေခဲ့ရာမှ ရဲဆေးရုံသို့ ပြောင်း ရွှေ့ ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရဲဆေးရုံမှာ ၆ လကျော်ကြာ နေထိုင်ခဲ့တဲ့အချိန်ကာလကို ထောင်ဒဏ်အဖြစ် ထည့်သွင်း မစဥ်း တာကြောင့် သက်ဆင်ကို ထောင် ၁ နှစ်ချဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
သက်ဆင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ၎င်း၏ဖခင်အတွက် စိတ်ပူပန်ကြောင်း ပေထုန်တန် က မီဒီယာမှာ ထုတ်ဖော်ပြောကြားခဲ့ကာ ဖခင်ဖြစ်သူသည် နိုင်ငံအတွင်း သမိုင်းဝင် အောင်မြင်မှုများစွာ ဖန်တီးခဲ့သူဖြစ်လို့ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။