သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့နေ လားရှိုးစစ်ရှောင် အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ

လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့နေ လားရှိုးစစ်ရှောင် အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ

ahadmin
10/09/2025
Share:

ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်မှာလာရောက်‌ နေ ထိုင်တဲ့ လားရှိုးမြို့က စစ်ရှောင်အမျိုးသားကို ရွေးကောက်ပွဲ အပေါ်ဝေဖန်မှုနဲ့ ထောင် ၇ နှစ် ချလိုက်တယ်လို့ စစ်ကော်မရှင်သတင်းချန်နယ်မှာကြေငြာထားပါတယ်။

ဩဂုတ် ၂၅ ရက်မှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁ က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဟာ “Lashio Baegyi” ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် နဲ့ လားရှိုးမြို့ပေါ်က သေနတ်ပစ်ဖောက် ကားလုယက် မှုဖြစ်စဥ်တစ်ခုကို share လိုက်ပြီး ခေါင်းစဥ်အနေနဲ့
“ ပြည်သူများကို မဲပေးရန်သာ တိုက်တွန်းနေပြီး လုံခြုံ ရေး မရှိဖြစ်နေသော အခြေအနေကို ထောက်ပြကာ ” ပြည်သူ့ဆန္ဒမဲ ကိုသာ လိုချင်ပြီး အဖြစ်မရှိ” လို့ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းက (ပ) ၉၉/၂၀၂၅၊က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တောင်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်အမှတ် ၂၇၁၄ /၂၀၂၅ နဲ့ လက်ခံစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး ကိုနေသွေး ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့် ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ် နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ခုနှစ် ဇူလိုင် ၂၉ မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေနဲ့ ဖမ်းဆီးခံရသူ ၃ ဦးရှိလာပြီဖြစ်ပြီး ကိုနေသွေးက ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်တယ်လို့ သိရပါတယ်။