တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးရွာသွန်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်တာကြောင့် တာချီလိတ်မြို့ ရေကြီးပြန် 

မိုးရွာသွန်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်တာကြောင့် တာချီလိတ်မြို့ ရေကြီးပြန် 

Hsan Loi Editor
24/05/2025
Share:

 

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်လာတာကြောင့် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှု ဒဏ်ထပ်မံခံစားနေရပါတယ်။

 

ယနေ့ မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ‌ ကျော်မှ စတင်ကာ မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး တာချီလိတ်မြို့ရှိ တာလော့ ၊ ပုန်းထွန် ၊ မကာဟိုခမ်း ၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)နဲ့ မယ်ခေါင်စတဲ့ ရပ်ကွက်များအတွင်း ရေများဝင်ရောက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ရပ်ကွက်တွင်း ရေများထပ်မံဝင်ရောက်လာတာကြောင့် ရပ်ကွက်နေပြည်သူများ အချိန်မှီ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်တွေက အသိပေးထားတယ်လို့ သိရပါတယ်။

 

ဒါအပြင် မယ်ဆိုင်ချောင်းအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းနိုင်ရန်အတွက် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)တံတားကို ၂ နာရီခန့် ခေတ္တပိတ်ထားမယ်လို့ ထိုင်းဘက်က လာတဲ့သတင်းအရ သိရပါတယ်။