သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းနဲ့ နမ့်ဆန် မှာ မော်တော်ယာဥ် လိုင်စင်များ ပြုလုပ်ပေးမှာဖြစ်ပြီး အခွန်ငွေနဲ့ ဝန်ဆောင်ခကိုတော့ ကျပ် ၂ သိန်းမှ ၅ သိန်း ပေးဆောင်ရမယ်လို့ဆို

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းနဲ့ နမ့်ဆန် မှာ မော်တော်ယာဥ် လိုင်စင်များ ပြုလုပ်ပေးမှာဖြစ်ပြီး အခွန်ငွေနဲ့ ဝန်ဆောင်ခကိုတော့ ကျပ် ၂ သိန်းမှ ၅ သိန်း ပေးဆောင်ရမယ်လို့ဆို

Hsan Loi Editor
22/05/2025
Share:

 

TNLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့နယ်တို့မှာ ပထမဆုံးအနေနဲ့ မော်တော်ယာဥ် လိုင်စင်များ ပြုလုပ်ပေးမှာဖြစ်ပြီး အခွန်ငွေနဲ့ ဝန်ဆောင်ခကိုတော့ ကျပ် ၂ သိန်းမှ ၅ သိန်းအထိ ပေးဆောင်ရမယ်လို့ TNLA က ယနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

မော်တော်ယာဥ်လိုင်စင်များကို PSLF/TNLA ရဲ့ မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ လာမယ့် မေလ (၂၅)ရက်တွင် စတင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင် ကားနဲ့ ကုန်တင်ကားများကို လိုင်စင် ပြုလုပ်ပေးသွားမှာြဖစ်ပြီး လိုင်စင်သက်တမ်း ၂ နှစ်ရှိတယ်လို့ ဆိုပါတယ်။

 

မော်တော်ယာဥ် လိုင်စင်များကို စီမံချက်ကာလအနေနဲ့ မေလ (၂၅)ရက်မှ ဒီဇင်ဘာလ (၃၁)ရက်အထိ (၆)လသာ ပြုလုပ်ပေးမှာဖြစ်ပြီး စီမံချက်ကာလ ကျော်လွန်သွားပါက လိုင်စင် မတင်သေးတဲ့ ယာဥ်များကို အရေးယူဆောင်ရွက်သွားမယ်လို့လည်း TNLA က ဆိုပါတယ်။

 

မော်တော်ယာဉ်များကို လိုင်စင်ပြုလုပ်ပေးရခြင်းဟာ မော်‌တော်ယာဉ်များနဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှုနဲ့ ယာဉ်ပျောက်ဆုံးမှု အစရှိတဲ့ ပြဿနာများလျော့ကျစေရန်အတွက်လို့ ဆိုပါတယ်။

 

ပြည်တွင်းမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး စိစစ်ဖော်ထုတ် အရေးယူသွားရန် ယမန်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုမှုအပြီး TNLA က ၎င်းတို့ ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ မေလ ၂၅ ရက်က စတင်ပြီး မော်တော်ယာဥ်လိုင်စင် လုပ်ပေးမယ်လို့ ထုတ်ပြန်လာ တာပဲဖြစ်ပါတယ်။