သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

၂၀၂၅−၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီး မည့်သည့် အခကြေးငွေမျှ ပေးစရာမလိုဟုသိရ

၂၀၂၅−၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီး မည့်သည့် အခကြေးငွေမျှ ပေးစရာမလိုဟုသိရ

Hsan Loi Editor
22/05/2025
Share:

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့မေ ၂၂ ရက်မှ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီး မည်သည့် အခကြေးငွေမျှ ပေးစရာမလိုဟု သိရပါတယ်။

 

မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်နဲ့ ငွေကြေး (သို့မဟုတ်) လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုရန် စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

 

“ဒီနေ့ အိမ်က သားလေးကို ကျောင်းသွားအပ်တာ ကျောင်းဝင်ကြေးတွေ ဘာတွေ မပေးရဘူး၊ ပြီးတော့ သူတို့က ကျောင်းသုံးဖတ်စာအုပ်ရယ်၊ ဗလာစာအုပ် က ၁ ဒါဇင်၊ ဘောပင်နဲ့ ခဲတံ ၂ ချောင်းစီ အခမဲ့ ပေးတယ်၊ ကျောင်းဝတ်စုံ ပါ အခမဲ့ပေးမယ်လို့ ကြားပေမယ့် ဒီနေ့ သွားတာတော့ အဲ့ဒါမရခဲ့ဘူး၊ ကျောင်း ဖွင့်တဲ့ရက်မှ ပေးမလားတော့ မသိဘူးပေါ့” လို့ ကျောင်းသားမိဘ တစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

ကျောင်းအပ်နှံရေးသီတင်းပတ်အနေနဲ့ တိုင်းနှင့်ပြည်နယ်အတွင်းက အခြေခံ ပညာကျောင်းများမှာ ကျောင်းသား/သူများကို ယနေ့ မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ်လက်ခံဆောင်ရွက် သွားမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

Photo – အင်တာနက်(ပုံဟောင်း)