နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် SSPP/SSA မှ ၎င်းရဲ့ လက်အောက်ခံတပ်များသို့ အမိန့်စာထုတ်ပြန်ကြေငြာ

RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် SSPP/SSA မှ ၎င်းရဲ့ လက်အောက်ခံတပ်များသို့ အမိန့်စာထုတ်ပြန်ကြေငြာ

Hsan Loi Editor
18/05/2025
Share:

 

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က RCSS/SSA ဘက်မှ ၎င်းရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအားလုံး အနေနဲ့ SSPP/SSA အား (၁၀)ရက်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် အမိန့်စာထုတ်ပြန် တာကို ကြိုဆိုတဲ့အနေနဲ့ SSPP/SSA ဘက်မှလည်း ၎င်းလက်အောက်ခံတပ်များအားလုံး RCSS/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်စဲရန် အမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။

 

မေလ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ အပစ်ရပ်စဲရန် အမိန့်ကြေညာစာထုတ်ပြန်ထားတဲ့ကာလအတွင်း နှစ်ဖက်တပ်ရင်း တပ်ဖွဲ့တွေအနေနဲ့ ရောက်နေတဲ့ နေရာမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်နားထားရမှာဖြစ် တယ်လို့ အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။

 

“ သျှမ်းတပ် နှစ်တပ်ပေါင်းစည်းဖို့ ကျွန်တော်တို့ သျှမ်းပြည်သူတွေ မျှော်မှန်းနေတာကြာပါပြီ၊ သျှမ်းတပ်အချင်းချင်း အရင်ကတည်းက ပူးပေါင်းသင့်တာ၊ ဘာဘဲဖြစ်ဖြစ် အခုလို နှစ်ဖက်အပစ်ရပ် ကြေညာတာ ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်၊ နှစ်ဖက်ခေါင်းဆောင်များလည်း တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

 

မေလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့မှာ RCSS ဥက္ကဋ္ဌ က ဒေသခံ တိုင်းရင်းသားပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဥ်နဲ့ သျှမ်းလက်နက်ကိုင်တပ် နှစ်ခုအကြား တွေ့ဆုံဆွေးနွေးနိုင်ရန်ဆိုပြီး RCSS ဘက်မှ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က SSPP နဲ့ ၁၀ ရက်တာ အပစ် ရပ်စဲရန် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။