နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးရွာသွန်းပြီး ငလျင်ကယ်ဆယ်ရေးစခန်းရှိ ယာယီမိုးကာတဲပေါ် ကုက္ကိုလ်ပင်လဲကျလို့ သားအဖ နှစ်ယောက်သေဆုံး

မိုးရွာသွန်းပြီး ငလျင်ကယ်ဆယ်ရေးစခန်းရှိ ယာယီမိုးကာတဲပေါ် ကုက္ကိုလ်ပင်လဲကျလို့ သားအဖ နှစ်ယောက်သေဆုံး

Hsan Loi Editor
18/05/2025
Share:

 

ယမန်နေ့ ညသန်းခေါင်အချိန် ၁၂ နာရီခွဲ ဝန်းကျင်ခန့်က မိုးရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ငလျင်ကယ်ဆယ်ရေးစခန်းရှိ ယာယီမိုးကာတဲပေါ် ကုက္ကိုလ်ပင်လဲကျလို့ သားအဖနှစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူ ကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းမှာ လုံးပတ် ၅ ပေခန့်ရှိတဲ့ ကုက္ကိုလ်ပင်ဟာ အမြစ်ခြေမှ လှန်ပြီး လဲကျရာမှ ယာယီလူနေမိုးကာတဲပေါ် ပိမိတယ်လို့ သိရပါတယ်။

 

သစ်ပင်လှဲကျမှုကြောင့် သေဆုံးသူ အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ ဦးတို့ကို မိုဃ်းကောင်းရသ လူမှုကူညီ ရေးအသင်းမှ လူနာတင်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ယမန်နေ့ မေလ ၁၇ ရက် ည ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မန္တလေးတိုင်း ကျောက်ဆည်မြို့ အနောက်− အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ် တာစကေး ၅ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

 

မန္တလေးတိုင်းထဲက မြို့နယ်များအပါအဝင် သျှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့မှာလည်း ငလျင် သိသိသာသာလှုတ်ခပ်သွားတယ်လို့ သိရပါတယ်။