သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဘားအံခရိုင်အတွင်း ပိုင်ကျုံမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို KNLA၊ KNDO မှ ပြန်လည် သိမ်းပိုက်နိုင်     စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီးအဆင့် ၁ ဦးအပါအဝင် တပ်သား ၉ ဦးကျဆုံး

ဘားအံခရိုင်အတွင်း ပိုင်ကျုံမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို KNLA၊ KNDO မှ ပြန်လည် သိမ်းပိုက်နိုင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီးအဆင့် ၁ ဦးအပါအဝင် တပ်သား ၉ ဦးကျဆုံး

Hsan Loi Editor
15/05/2025
Share:

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ KNU အုပ်ချုပ်နယ်မြေ တာကရယ်(ပိုင်ကျုံ)မြို့နယ်၊ ကာတဲကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO)နဲ့ ပူးပေါင်းတပ်တို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ကာတဲကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၄ နဲ့ အမြောက်တပ် အမတ ၃၁၁ တို့ အခြေစိုက်ထားတဲ့ တာလယ် ဗျုဟာစခန်းကို မေလ ၁၃ ရက် ည ၇ နာရီအချိန်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် လို့ KNU က ယနေ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး(၁)ဉီးအပါအဝင် တပ်သား (၉)ဦး ကျဆုံးကာ ခလရ−၂၄ မှ ဒုတပ်ရင်းမှူး က ထွက်ပြေးလွတ်မြောက်နေပြီး KNU လက်အောက်ခံတပ် များအနေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားများကို လိုက်လံ ဖမ်းဆီးလျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

တာလယ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း KNU ရဲ့ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံများအရ သိရပါတယ်။