သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းမြောက် လားရှိုးလေကြောင်းလိုင်း လာမယ့် မေလ ၂၀ ရက်နောက်ပိုင်း ပြန်လည်ပြေးဆွဲမည်ဟုဆို

သျှမ်းမြောက် လားရှိုးလေကြောင်းလိုင်း လာမယ့် မေလ ၂၀ ရက်နောက်ပိုင်း ပြန်လည်ပြေးဆွဲမည်ဟုဆို

Hsan Loi Editor
14/05/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးလေကြောင်းလိုင်းခရီးစဥ်ကို လာမယ့် မေလ ၂၀ ရက်နောက်ပိုင်းမှာ ပြန်လည်ပြေးဆွဲဖို့ တရုတ်အကူအညီနဲ့ မြို့ကိုပြန်လည်ထိန်းချုပ်တဲ့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

 

“ မေလ ၂၂ ရက်နေ့မှာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်မယ်လို့ကြားပါတယ်၊ အွန်လိုင်းပေါ်မှာလည်း လေယာဥ်လက်မှတ်တွေ စတင်ရောင်းနေကြပြီ၊ အခုလို လေဆိပ်တွေပြန်ဖွင့်မယ်ဆိုတော့ ဝမ်းသာပါတယ်၊ သွားလာဖို့အတွက် ခရီးပိုတွင်တာပေါ့” လို့ လားရှိုးဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

လားရှိုးလေဆိပ်ကို လာမယ့် မေလ ၂၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး လားရှိုး−မန္တလေး၊ လားရှိုး−ရန်ကုန်နဲ့ လားရှိး−တာချီလိတ် စတဲ့ ခရီးစဥ်တွေနဲ့ ပြေးဆွဲမှာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ် အရောင်းဌာနများထံမှ သိရပါတယ်။

 

လားရှိုး လေကြောင်းခရီးစဥ်ပျံသန်းမှုကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်က စတင်ရပ်နားထားတာဖြစ်ပြီး ကိုးကန့်တပ် MNDAA က ဇူလိုင်လကုန်မှာ သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။

 

ယခု တရုတ်ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တယား ဖော်ဆောင်နေတာပဲဖြစ်ပါတယ်။