စစ်ကောင်စီက ယခု မေလကုန်ထိ အပစ်ခတ်ရပ်စဲရေးကာလ သက်တမ်းတိုးထားပေမယ့် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေများကို ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုပြီး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ယမန်နေ့ မေလ ၈ ရက်နေ့က TNLA ရှိရာ နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး တစ်ရက်ထဲတွင် TNLA နဲ့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ ဘက်မှ ဒရုန်းနှင့် လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးနဲ့လည်း အသုံးပြုတိုက်ခိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၅)နှစ်အရွယ် ကလေးငယ် အပါဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်က စစ်ကောင်စီနဲ့ TNLA တို့ရဲ့ ကူမင်းဆွေးနွေးပွဲ အဆင်မပြေတာကြောင့် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။