ရေကြောင်းနဲ့ လေကြောင်းပညာ ကျွမ်းကျင်တဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေဖို့ဆိုပြီး စစ်ကောင်စီ ရေတပ်နဲ့လေတပ်က ရေကြောင်းနှင့် လေ ကြောင်း အခြေခံသင်တန်းနဲ့ တန်းမြင့် သင်တန်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး သက်ဆိုင်ရာမြို့နယ်အသီး သီးမှာ တစ်ပြိုင်တည်း ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ နေ့စဥ်ထုတ်သတင်း စာမှာ ဖော်ပြထားပါတယ်။
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုနဲ့ မိတ္ထီလာ၊ မော်လမြိုင်၊ နမ့်စန်၊ ကျိုင်းတုံနဲ့ နေပြည်တော်တို့မှာ သင်တန်းစခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး သင်တန်းသား ၈၀၄ ဦး တက်ရောက်သင်ကြားတယ်လို့ ဆိုပါတယ်။
သင်တန်းအတွင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ် ပျံသန်း မှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင် ခြင်းဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လေတပ်၏ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာများကို သိရှိနားလည် စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနဲ့ လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များ၊ ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံများသို့ သွားရောက်ပြီး လက်တွေ့ကွင်းဆင်း လေ့လာခြင်းများလည်း ဆောင်ရွက် ခဲ့ကြတယ်လို့ ဆိုပါတယ်။