နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲသို့တက်ရောက်ရန် စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ ရုရှားနိုင်ငံသို့ ထွက်ခွာ

မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲသို့တက်ရောက်ရန် စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ ရုရှားနိုင်ငံသို့ ထွက်ခွာ

Hsan Loi Editor
07/05/2025
Share:

 

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မဟာမျိုးချစ်စစ်အောင်ပွဲကြီး နှစ် ၈၀ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားပွဲသို့ တက်ရောက်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူ ဒေါ်ကြူကြူတို့သည် ယနေ့ မေလ ၇ ရက် နံနက်ပိုင်းအချိန်တွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ထွက်ခွာသွားကြောင်း သိရသည်။

 

ရုရှားခရီးစဥ်မှာ နှစ် ၈၀ ပြည့်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကိုပါ တက်ရောက်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ ခေါင်း ဆောင်များနှင့် ရုရှားနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း သိရပါသည်။

 

ယခုအခါသွားရောက်မည့် ရှရှားနိုင်ငံပြင်ပခရီးစဉ်သည်လည်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြားချစ်ကြည် ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများ ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုးတက် ခိုင်မာအောင်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

 

ရှရားနိုင်ငံက ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် စစ်ရေးပြလေ့ကျင့်နေစဉ်အချိန်တွင်း၌ ယူကရိန်းက ဒရုန်းဖြင့် ၂ ကြိမ် တိုက် ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန်က ပြောဆိုထားသည်။

 

ရှရှားနိုင်ငံကပြလုပ်မည့် ရင်ပြင်နီ နှစ် ၈၀ ပြည့် စစ်ရေးပြပွဲကို တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နာမ် အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်ဟု RT သတင်းဌာနက ထုတ်ပြန်ထားသည်။