နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လဲချားတွင် ၂ လကျော်ကြာ ဖွင့်လှစ်တဲ့ (၂၉)ကြိမ်မြောက် နွေရာသီသျှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်း ကျင်းပပြီးစီး

လဲချားတွင် ၂ လကျော်ကြာ ဖွင့်လှစ်တဲ့ (၂၉)ကြိမ်မြောက် နွေရာသီသျှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်း ကျင်းပပြီးစီး

Hsan Loi Editor
06/05/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် ဆရာ တော် သံဃာတော်များမှ ဉီးစီးဦးဆောင်၍ ၂ လကျော်ကြာ ဖွင့်လှစ်သင်ကြားလာခဲ့သည့် (၂၉)ကြိမ်မြောက် နွေရာသီသျှမ်းစာပေနှင့်ယဉ်‌ကျေးမှုသင်တန်းကို မေလ ၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

 

နွေရာသီသျှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၂ လ ကျော်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူ သင်တန်းသားများ စုစုပေါင်း(၃၆၀၀) ကျော်တက်‌ရောက်သင်ယူကာ သင်ကြားရေးဆရာ ၂၀၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

နောင်လာမည့်မျိုးဆက်သစ်လူငယ်များအနေဖြင့် သျှမ်းစာပေနှင့် သျှမ်းယဉ်ကျေးမှုများ မပျောက်ပျက်အောင် တန်ဖိုးထား သင်ယူတတ်ခြင်း အပါအဝင် ဗုဒ္ဓဝင်အကြောင်းအား လေ့လာသိရှိနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။