နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကူမင်းဆွေးနွေးပွဲ မအောင်မြင်လို့ စစ်ကောင်စီက မိုးကုတ် ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကူမင်းဆွေးနွေးပွဲ မအောင်မြင်လို့ စစ်ကောင်စီက မိုးကုတ် ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
03/05/2025
Share:

 

စစ်ကောင်စီနဲ့ တအာာင်းတပ် TNLA တို့ရဲ့ ကူမင်းဆွေးနွေးပွဲ မအောင်မြင်တာကြောင့် စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

 

ယမန်နေ့ မေလ ၂ ရက် ည ၁၁ နာရီ ၄၇ မိနစ်ခန့်အချိန်တွင် မိုးကုတ်မြို့ အနောက်ပိုင်း အုတ်အင်းဓမ္မာရုံနဲ့ အရှေ့ပိုင်း ဗမွန်ရွာကို လေကြောင်းနဲ့ ဗုံကြဲတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“လူတွေ အိပ်မောကျနေတဲ့အချိန်မှာ လေယာဥ်နဲ့ ၂ ကြိမ် ဗုံးလာကြဲသွားတယ်၊ လူထိခိုက်မှု မရှိဘူးလို့တော့ကြားတယ်” လို့ ဆိုပါတယ်။

 

တရုတ်ရဲ့ ကြားဝင်စီစဥ်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်က PSLF/TNLA ၏ ကိုယ်စားလှယနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့က ကူမင်းမှာ ၂ ရက်သာတွေ့ဆုံပြီး TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့ကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသို့ TNLA တပ်ဖွဲ့များ အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA သဘောမတူဘဲ ပယ်ချခဲ့တယ်လို့ ယမန်နေ့ က ထုတ်ပြန်ထားပြီး ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင် လာတာပဲဖြစ်ပါတယ်။