သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကူမင်းဆွေးနွေးပွဲမှာ TNLA သိမ်းပိုက်ထားတဲ့မြို့တွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသို့ တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA သဘောမတူ     နှစ်ဖက်အပစ်ရပ်နိုင်ရန်အတွက် လာမယ့် သြဂုတ်လမှာ ထပ်မံဆွေးနွေးမယ်လို့ဆို

ကူမင်းဆွေးနွေးပွဲမှာ TNLA သိမ်းပိုက်ထားတဲ့မြို့တွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသို့ တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA သဘောမတူ နှစ်ဖက်အပစ်ရပ်နိုင်ရန်အတွက် လာမယ့် သြဂုတ်လမှာ ထပ်မံဆွေးနွေးမယ်လို့ဆို

Hsan Loi Editor
02/05/2025
Share:

 

တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆွေးနွေးပွဲမှာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့မှ တအာင်းတပ်များ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသို့ တပ်ဖွဲ့အားလုံးပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA သဘောမတူဘဲ နှစ်ဖက်အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု ရှေ့ဆက်မနိုင်ဘဲ ရပ်ခဲ့ရတယ်လို့ TNLA က ယနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်ရဲ့ ကြားဝင်စီစဥ်မှုနဲ့ PSLF ၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်များနဲ့ စစ်ကောင်စီမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တို့သည် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ တောင်းဆိုချက်များကို PSLF ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် ဆွေးနွေးပွဲ ရှေ့ဆက်မတိုးနိုင်ဘဲ နှစ်ဖက်အပစ်ခတ်ရပ်စဲ နိုင်ရန်အတွက် လာမယ့် သြဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

 

လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စတဲ့ ပစ်ခတ်တိုက်ခိုက်မှုများ အားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းမှ ကမကထပြု အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။