တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ရဲ့ (၄/၂၀၂၅) ဦးဆောင်အစည်းအဝေးကို အွန်လိုင်းဖြင့် ဧပြီလ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်တာ ကျင်းပပြုလုပ် ပြီးစီးသွားခဲ့ပါတယ်။
နှစ်ရက်တာ အစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲလျှက်ရှိတဲ့ နိုင်ငံရး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုဘဝဒုက္ခများကို သုံးသပ်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် ရှေ့အလားအလာများ ဆိုင်ရာ သဘောထားများကို စုစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်တွေ့ကြုံနေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေး အတွက် 7 EAO က ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဥ်ကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်သဘောထားများ ချမှတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
