နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

7 EAO Alliance ရဲ့ နှစ်ရက်သာ ဆွေးနွေးပွဲ ကျင်းပပြီးစီး

7 EAO Alliance ရဲ့ နှစ်ရက်သာ ဆွေးနွေးပွဲ ကျင်းပပြီးစီး

Hsan Loi Editor
30/04/2025
Share:

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ရဲ့ (၄/၂၀၂၅) ဦးဆောင်အစည်းအဝေးကို အွန်လိုင်းဖြင့် ဧပြီလ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်တာ ကျင်းပပြုလုပ် ပြီးစီးသွားခဲ့ပါတယ်။

 

နှစ်ရက်တာ အစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲလျှက်ရှိတဲ့ နိုင်ငံရး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုဘဝဒုက္ခများကို သုံးသပ်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် ရှေ့အလားအလာများ ဆိုင်ရာ သဘောထားများကို စုစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်တွေ့ကြုံနေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေး အတွက် 7 EAO က ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဥ်ကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်သဘောထားများ ချမှတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။