သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကိုင်းငလျင်ကြောင့် အဖြေလွှာ မီးလောင်ပျက်စီးသွားခဲ့တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွက် လာမယ့်ဇွန်လ ၁၆ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည်

စစ်ကိုင်းငလျင်ကြောင့် အဖြေလွှာ မီးလောင်ပျက်စီးသွားခဲ့တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွက် လာမယ့်ဇွန်လ ၁၆ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည်

Hsan Loi Editor
22/04/2025
Share:

 

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည် တော်ကောင်စီနယ်မြေတို့မှာ စစ်ဆေးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ကိုင်းငလျင်ကြောင့် အဖြေလွှာ မီးလောင်ပျက်စီးသွား ခဲ့ပြီး လာမယ့် ဇွန်လ ၁၆ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးသွားမယ်လို့ စစ်ကောင်စီရဲ့ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူတွေကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး ဖြေဆိုခွင့် ရရှိသူစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ စာစစ်ဌာနတွေမှာ ကြေညာပေးသွားမှာ ဖြစ်ပြီး ဖြေဆိုခွင့် ကဒ်ပြားများကိုလည်း ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက် ရိုက် ထုတ်ယူရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပြီး နောက်ဆက်တွဲအဖြစ် မီးလောင်မှုကြောင့် တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေတဲ့ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာ အုပ်ရေပေါင်း ၃ သိန်းကျော် မီးလောင်ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ စစ်ကောင်စီက မတ်လ ၃၀ ရက်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

 

အဖြေလွှာတွေ မီးလောင်ပျက်စီးသွားခဲ့တဲ့ တိုင်းနဲ့ပြည်နယ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်ထိ ပိတ်ရက်မရှိ ပြန်လည်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။