သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနိုင်ငံကို အမြဲဆုတောင်းပေးနေတဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကွယ်လွန်

မြန်မာနိုင်ငံကို အမြဲဆုတောင်းပေးနေတဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကွယ်လွန်

Hsan Loi Editor
21/04/2025
Share:

 

မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကပ်ဘေးရန် နှင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်ချိန် အမြဲဆုတောင်း တိုက်တွန်းပေးနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ ၂၁ ရက် နံနက်ခင်းအချိန်တွင် ကွယ်လွန်သွားကြောင်း ဗာတီကန်က လာတဲ့သတင်းအရ သိရပါသည်။

 

သိက္ခာတော် ၈၈ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်း မင်းကြီးသည် ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့က လသာဆောင်တွင် ဝတ်ပြုသူများကို နှုတ်ဆက်ခဲ့ပြီး ယနေ့နံနက်ပိုင်း ၂ နာရီ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နမိုနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို ခံစားနေရတာဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဖရန်စစ်ဟာ ကတ်သလစ်သာသနာ ခေါင်း ဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်တာ ကာလထဲဝင်လာတာဖြစ်‌ကြောင်းသိရပါသည်။

 

ယနေ့ နံနက်ပိုင်းက စိန့်ဗီတာရင်ပြင်အနီးမှာ ခရစ်ယာန်ဘာသာဝင်များ အများအပြားစုဝေးကာ ဝမ်းနည်းကြောင်း သဘောထားများဖော်ပြခဲ့ကြောင်း သိရပါသည်။