သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

(၃) နှစ်နီးပါး ပိတ်ခဲ့သည့် လင်းခေး မြို့မစျေးကြီးပြန်လည်ဖွင့်လှစ်စျေးရောင်းခွင့်ပြု

(၃) နှစ်နီးပါး ပိတ်ခဲ့သည့် လင်းခေး မြို့မစျေးကြီးပြန်လည်ဖွင့်လှစ်စျေးရောင်းခွင့်ပြု

Hsan Loi Editor
28/12/2022
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ် နီးပါး ပိတ်ထားသောလင်းခေး မြို့ မစည်ပင်သာယာဈေးကြီးအားယခုရက် ပိုင်း အတွင်းပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။

” မြို့မစျေးထဲမှာ ပြန်ရောင်းရတော့ အချိန်ပိုင်းစျေးရောင်း တာမျိုးမဟုတ်ပဲ တစ်နေကုန်ရောင်း လဲရတာပေါ့ စျေးရောင်းတဲ့နေရာတော့ ကျဥ်းသွားတာပေါ့ ” ဟု လင်းခေးဒေသခံစျေးသည် တစ်ဦး ကပြောသည် ။

အဆိုပါ လင်းခေးမြို့မစျေးကြီးအား မြို့နယ်အ တွင်းကိုဗစ်၁၉ ကပ်ရောဂါစတင်ဝင်ရောက်လာစဥ်က တည်းက ပိတ်ထားပြီး တောင်ရွာရပ်ရှိ စည် ပင်သာယာရေး ပန်းခြံ သို့ယာယီပျံကျစျေးအဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်ပေးထားသည်မှာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည် ။

ထို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့မှ စ၍ ယာယီပျံကျဈေးမှ ဈေးသည်များအားမြို့မဈေးသို့ပြန်လည် ပြောင်းရွှေ့ရောင်းချစေခဲ့ ခြင်းဖြစ်သည် ။

 

# HsanLoiVoice

Photo # SZL

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/