သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ငလျင်ဒဏ်သင့် တောင်ကြီးကွန်ပျူတာတက္ကသိုလ်  ပင်မဆောင်ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်မယ်လို့ဆို 

ငလျင်ဒဏ်သင့် တောင်ကြီးကွန်ပျူတာတက္ကသိုလ် ပင်မဆောင်ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်မယ်လို့ဆို 

Hsan Loi Editor
12/04/2025
Share:

 

ငလျင်ဒဏ်ကြောင့် တောင်ကြီးကွန်ပျူတာတက္က သိုလ်ရဲ့ ပင်မသုံးထပ်စာသင်ဆောင် အပါအဝင် စာသင်ခန်းတွေ ထိခိုက်ခဲ့တဲ့အတွက် ပင်မဆောင်ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်မယ်လို့ သိရပါတယ် ။

 

ဧပြီလ ၁၀ ရက်နေ့က ပညာရှင်တွေရဲ့ စစ်ဆေး တွေ့ရှိချက် အရတက္ကသိုလ်ရဲ့ ပင်မသုံးထပ်စာသင်ဆောင်ကြီးဟာ ငလျင်ဒဏ်ကြောင့်အန္တရာယ်ရှိအဆောက်အဦးဖြစ်နေတဲ့အတွက် စနစ်တကျဖြို ဖျက်ရမှာဖြစ်တယ်လို့ ဆိုပါတယ် ။

 

“ စာမေးပွဲ တွေကမပြီးသေးဘူးရှင့်တချို့၂ဘာသာတချို့၃ဘာသာကျန်သေးတယ် နည်းပညာနဲ့ကွန်ပြူတာ ကနောက်မှဖြေရတာပါ မပြီးဘဲနဲ့ပိတ်လိုက်ရတာပါ ၊ ဘယ်မှာဆက်တက်ရမလဲမသိတော့ဘူး” လို့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်က ကျောင်းသားတစ်ဦးကပြောပါတယ် ။

 

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ရဲ့ ပင်မသုံးထပ်စာသင်ဆောင်နဲ့ တောင်၊ မြောက်စာသင်ဆောင်တွေမှာ ထိခိုက်ပျက်စီးမှု တွေဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား/ သူ အဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေမှာလည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

 

တောင်ကြီးကွန်ပျူတာတက္ကသိုလ် ဟာ တောင်ကြီးမြို့ နဲ့ ၆ မိုင်ခန့်အကွာ တောင်ကြီး-ဟိုပုံး ပြည် ထောင်စုလမ်းမကြီးရဲ့ အနောက်ဘက်မှာ တည်ရှိပြီး တက္ကသိုလ်ရဲ့ အကျယ်အဝန်းမှာ ၂၁၅ ဧက ရှိပါတယ် ။ ၂၀၀၀ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါတယ် ။