နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ငလျင်ဘေးအတွက် သွားရောက် လှူဒါန်းတဲ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ တောင်လေးလုံး တိုးဂိတ် ဝေဖန်ခံရ 

ငလျင်ဘေးအတွက် သွားရောက် လှူဒါန်းတဲ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ တောင်လေးလုံး တိုးဂိတ် ဝေဖန်ခံရ 

Hsan Loi Editor
08/04/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး-ညောင်ရွှေ မြို့ နယ်ကြားမှာ ဖွင့်လှစ်ထားတဲ့ တောင်လေးလုံး တိုးဂိတ်မှာငလျင်ဘေးအတွက် သွားရောက် လှူဒါန်းတဲ့ကားတွေကို အဝင်ရောအထွက်ပါ ငွေကြေးကောက် ခံနေတဲ့အတွက်သျှမ်းတောင်က သွားရောက်လှူဒါန်း တဲ့အလှူရှင်တွေကြားဝေဖန်မှုမြှင့်တက်နေပါတယ် ။

 

” တောင်လေးလုံးဂိတ်မှာမှ အထွက်ရော အဝင်ရောပေးခဲ့ရတယ်ဗျာ ကျွန် တော်တို့ ငလျင်ဘေးအလှူကားတွေပါလို့ပြောလဲမရဘူး ၊ ကားကြီးရှေ့မှာ ငလျင်ဘေးသင့်စုပေါင်းအလှူ ဆိုတဲ့ဗီနိုင်းကြီးလဲတပ်ထားတာတောင်မရဘူးတဲ့ဗျာ တိုးဂိတ်တာဝန်ခံကိုယ်တိုင်ကိုကမရဘူးပေးရမယ်တဲ့ စာရွက်စာတန်းပါမှရမယ် ” လို့ သျှမ်းတောင်ကနေ မန္တလေးဖက်ကို သွားရောက်လှုဒါန်းခဲ့သူတစ်ဦးကပြောပါတယ် ။

 

မန္တလေးတိုင်းအပါအဝင် ငလျင်ဘေးသင့်ခဲ့တဲ့ဒေသတွေကို နိုင်ငံနဲ့ တစ်ဝှမ်းသွားရောက်လှူဒါန်းကြတဲ့အခါ လမ်းခရီးက ဂိတ်တွေမှာ တစ်လမ်းလုံးအခမဲ့ဖြတ်သန်းခွင့်ပြုနေကြပေမဲ့ တောင်လေးလုံး တိုးဂိတ်တစ်ခုတည်းကသာ ငွေကြေးကောက်ခံ နေတာဖြစ်တယ်လို့ ဆိုပါတယ် ။

 

” ပိုက်ဆံပေးရလို့မဟုတ်ပါဘူးဘယ်လောက်မှလဲမဟုတ်ပေမဲ့ ဟိုတစ်နေ့ကတပေါင်းလပြည့်နေ့ကကျင်းပခဲ့တဲ့ ပွဲတစ်ခုဆိုရင်အဲ့ဒီပွဲသွားပွဲလာကားတွေကိုဆိုအားလုံး Free လိုင်းကနေ Open ဖွင့်ထားပေးတာဗျာ အဲ့ပွဲလောက် ခုငလျင်ထိတဲ့သူတွေကအရေးမပါဘူးလားဒုက္ခရောက်နေတဲ့နေရာ ကို အများကစုပေါင်းပြီးအချင်းချင်းဖေးမကူညီကြတဲ့အချိန်ကိုဗျာ ၊ ကျွန်တော် သွားခဲ့တဲ့မြို့တိုင်းပေးရရင်မပြောလိုဘူး ခုကိုယ့်မြို့ပြန်ရောက်မှပေးရတယ် ရှက်မိတယ် ” လို့ တောင်ကြီး မြို့ခံ တစ်ဦးကလည်း ဝေဖန် ထားပါတယ် ။

 

တောင်လေးလုံးတိုးဂိတ်ဟာ တောင်ကြီးမြို့နယ်၊ အောင် သပြေတိုးဂိတ်ကို ပိတ်သိမ်းခဲ့ပြီး ၂၀၂၅ခုနှစ် မတ်လ (၁) ရက်နေ့က စလို့တောင်လေးလုံးအဝင်ဖက်မှာ ပြောင်း ရွှေ့ဖွင့်လှစ်ထားတဲ့ ဂိတ်ဖြစ်ပါတယ် ။

 

အဲ့ဒီဂိတ်စတင်ဖွင့်လှစ်ချိန်ကစပြီး မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ ကောက်ခံတာတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ မကြာခဏအငြင်းပွားမှုဖြစ်ပေါ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ် ။

 

Photo – Facebook