နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီက အပစ်ရပ်စဲတယ်လို့ ကြေညာထားပေမယ့် ဒီကနေ့ မိုးကုတ် အနောက်ပိုင်း၊ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်အနီးတွင် လေကြောင်းဖြင့် ဗုံးကြဲ

စစ်ကောင်စီက အပစ်ရပ်စဲတယ်လို့ ကြေညာထားပေမယ့် ဒီကနေ့ မိုးကုတ် အနောက်ပိုင်း၊ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်အနီးတွင် လေကြောင်းဖြင့် ဗုံးကြဲ

Hsan Loi Editor
05/04/2025
Share:

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း၊ ပင့်ကူတောင်ခြေမှာရှိတဲ့ ကျောက်မျက်တွင်းလုပ်ကွက်အနီးမှာ စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းမှာ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မရှိဘူးလို့ မိုးကုတ်ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ငလျင်ဘေးကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ဆိုပြီး ရက်ပေါင်း ၂၀ ကြာ အပစ်ရပ်စဲမယ်လို့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က ကြေညာ ထားပေမယ့် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ အပစ်ရပ်စဲကာလအတွင်းဖြစ်တဲ့ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ရှိ ပီကင်းကောခူကျေးရွာမှ အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။