နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူကယ်ရာမဲ့နေတဲ့ ငလျင်သင့်ပြည်သူများကို မကြည့်ရက်တော့လို့ အိန္ဒိယ ကူညီကယ်ဆယ်ရေးသမား Kiran Verma နေရပ်ပြန်

စစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူကယ်ရာမဲ့နေတဲ့ ငလျင်သင့်ပြည်သူများကို မကြည့်ရက်တော့လို့ အိန္ဒိယ ကူညီကယ်ဆယ်ရေးသမား Kiran Verma နေရပ်ပြန်

Hsan Loi Editor
04/04/2025
Share:

 

အိန္ဒိယနိုင်ငံသား ကူညီကယ်ဆယ်ရေးသမား Kiran Verma က စစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူကယ်ရာမဲ့နေတဲ့ ငလျင်သင့်ပြည်သူများကို မကြည့်ရက်တော့သလို ပြိုကျပျက်စီးနေတဲ့ အဆောက် အအုံတွေကြားက လူသေအလောင်းတွေ ထားခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ယမန်နေ့ည က ၎င်းရဲ့ ဖေ့စ်ဘုတ်စာမျက်နာမှာ ရေးသားဖော်ပြထားပါတယ်။

 

ငလျင်လှုတ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးဖြစ်နေတဲ့အချိန်မှာ စစ်တပ်က ကရုဏာမထားဘဲ လူသားချင်းစာနာထောက်ထားမှုလေး ပြမလားလို့ မျှော်လင့်နေမိသလို ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်တဲ့ စစ်ကိုင်း ကို သွားရောက်ဖို့ ကြိုးစားခဲ့ပေမယ့် မန္တလေးမှာ အကြောင်းပြချက်မရှိဘဲ တားဆီးခံခဲ့ရ တယ်လို့ သူကဆိုပါတယ်။

 

ဒါ့အပြင် ၎င်းက မျှော်လင့်ထားသလို ဘာမှ မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်မိသလို မြန်မာနိုင်ငံက ပြည်သူတွေက ပြင်ပလူတွေနဲ့ ဆက်သွယ်ခွင့် ကန့်သတ်ခံထားရတာကြောင့် ဒီနာကျင်မှုတွေကို မျှဝေနိုင်မလားဆိုတာ မသေချာဘူးလို့ သူက ရေးသားထားပါတယ်။

 

ကယ်ဆယ်ရေးလုပ်ငန်းအတွက် သွားလုပ်မယ့်သူတွေအနေနဲ့ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် စတဲ့ဒေသတွေက အထိခိုက်အများဆုံးဒေသတွေဖြစ်ပေမယ့် အကူအညီ အနည်းဆုံး ရောက်နေတဲ့နေရာတွေဖြစ်ပြီး သွားရောက်ဖို့လည်း အကြံပြုရေးသားထားပါတယ်။

 

စစ်တပ်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအခြေအနေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုကူညီ လုပ်ဆောင် ရမှန်းမသိတော့တဲ့အတွက် ယမန်နေ့က ပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။