သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး

မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး

Hsan Loi Editor
30/03/2025
Share:

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပြီး နောက်ဆက်တွဲအဖြစ် မီးလောင်မှုကြောင့် တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေ တဲ့ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ စစ်ကောင်စီက ယမန်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

 

၂၀၂၄−၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေးမှ ဖြေဆိုသူ (၄၆၉၄၄ ဦးရဲ့ အဖြေ လွှာအုပ်ရေ (၂၈၀၉၄၀)အုပ်၊ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူ (၇၃၁၁)ဦး၏ အဖြေလွှာအုပ်ရေ(၄၃၈၇၂)အုပ်နဲ့ ကချင်ပြည်နယ်မှ ဖြေဆိုသူ ဦးရေ(၈၆၉၉)ဦး၏ အဖြေလွှာအုပ်ရေ (၅၂၁၈၉) အုပ် စုစုပေါင်းအုပ်ရေ ၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ပြင်းထန်ငလျင်လှုပ်ခတ်ချိန်မှာ စာစစ်လုပ်ငန်းများ လုပ်ဆောင်နေချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက် နေတဲ့ ဆရာ၊ ဆရာမများလည်း ပင်မဆောင်အောက်သို့တိမ်းရှောင်ခဲ့ရပြီး ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲ မီးလောင်မှုဖြစ်ပေါ်တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။