နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့မှ မတည်ငွေ ကျပ်သိန်း(၁၈၀၀) ထည့်ဝင်ပြီး ငလျင်ဘေးသင့်ပြည်သူများကို ကူညီနိုင်ရေး စတင်ဆောင်ရွက်

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့မှ မတည်ငွေ ကျပ်သိန်း(၁၈၀၀) ထည့်ဝင်ပြီး ငလျင်ဘေးသင့်ပြည်သူများကို ကူညီနိုင်ရေး စတင်ဆောင်ရွက်

Hsan Loi Editor
30/03/2025
Share:

 

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကနဦး မတည်ငွေ ကျပ်သိန်း ပေါင်း (၁၈၀၀) ထည့်ဝင်ပြီး ငလျင်ဘေးသင့်ပြည်သူများကို ကူညီနိုင်ရေး စတင်ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) မှ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

 

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေဒေသ စတဲ့ အကန့်အသတ်ဘောင်တို့ကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးတို့ကို SSJAC က တိုက်တွန်းထားကပါတယ်။ ဒါ့အပြင် SSJAC အနေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

မတ်လ ၂၈ ရက်က နိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူနေမှုဘဝတို့ မြောက်များစွာ ပျက်စီးဆုံးရှုံးရတဲ့အပေါ် SSJAC အနေနဲ့ ဘေးဒုက္ခ ကြုံရတဲ့ ပြည်သူများ နှင့်အတူ ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

 

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ပြည်သူများကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါဘေး၊ ရေဘေးသင့်ပြည်သူများ နဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် တတ်စွမ်းသမျှကူညီဆောင်ရွက်ပေးနေ တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

 

#HsanLoiVoice