သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၀ ဦးထက် မနည်းရှိပြီး သေဆုံးသူထဲမှာ မွေးကင်းစ ကလေးနှင့် ၅ နှစ်အောက် ကလေးများပါဝင်

အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၀ ဦးထက် မနည်းရှိပြီး သေဆုံးသူထဲမှာ မွေးကင်းစ ကလေးနှင့် ၅ နှစ်အောက် ကလေးများပါဝင်

Hsan Loi Editor
30/03/2025
Share:

 

အင်အားပြင်းငလျင်ဒဏ်ကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ သေဆုံးသူ ၅၀ ဦးထက်မနည်းရှိပြီး သေဆုံးသူများထဲမှာ မွေးကင်းစ ကလေး၊ ၅ နှစ်အောက် ကလေးနဲ့ သက်ကြီးရွယ်အိုများ ပါဝင်တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေး ထံမှသိရပါတယ်။

 

ယမန်နေ့ မတ်လ ၂၉ ရက် ညနေထိ ကောက်ယူရရှိထားသောစရင်းများအရ ငလျင်ဒဏ်ကြောင့် အင်းလေးဒေသရှိ အရပ်သားနေအိမ် ထိခိုက်ပျက်ဆီးမှု စုစုပေါင်း (၁၉၇၂)လုံး ထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

 

” အင်းလေးဒေသရှိ အိမ်များဟာ ရေပေါ်အိမ်များဖြစ်တဲ့အတွက် အခြေယိုင်နဲ့ပြီး ငလျင်ဒဏ်ကို ပိုခံစားရတာကြောင့် လက်ရှိ ကျေးရွာအတွင်း‌မှာ ပြန်လည် နေထိုင်ဖို့အခက်အခဲများစွာရှိနေပါတယ်၊အရေးပေါ် စားနပ်ရိက္ခာ၊ ရေသန့်၊ ဆိုလာမီးသီး၊ ကုန်ခြောက် စတာတွေလဲလိုအပ်နေပါတယ်” လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက အင်းလေးဒေသမှာ ရေဘေးသင့်ခံစားခဲ့ရပြီး ပြန်လည် ထူထောင်မှုများမပြီးဆုံးခင် ယခုလို ငလျင်ဒဏ် ပြန်လည်ခံစားရတာကြောင့် ဒေသခံပြည်သူများအနေနဲ့ အခက်အခဲများရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

Photo – အင်းလေးဒေသလူ့အခွင့်အရေး