နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်အားပြင်းငလျင်ဒဏ်ကြောင့် အောင်ပန်းဟိုတယ်ပြိုကျမှု အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂၅ ဦး ဆေးရုံသို့ ပို့ဆောင်ထား

အင်အားပြင်းငလျင်ဒဏ်ကြောင့် အောင်ပန်းဟိုတယ်ပြိုကျမှု အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂၅ ဦး ဆေးရုံသို့ ပို့ဆောင်ထား

Hsan Loi Editor
30/03/2025
Share:

 

ယမန်နေ့ နေ့လည်ပိုင်းက ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်ပွားကာ အမျိုးသမီး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်းထားတယ်လို့ သိရပါတယ်။

 

ပြိုကျခဲ့သော ဟိုတယ်အောင်ပန်းအတွင်း ပိတ်မိနေသူများကို တာဝန်ရှိသူများနဲ့ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက်ကူညီဆောင်ရွက်ပေးပြီး ကနဦး သေဆုံးသူ အမျိုးသမီး ၃ ဦး တွေ့ရှိကာ ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ နာရေးကူညီမှုအသင်း အောင်ပန်း မှ သိရပါတယ်။

 

ယနေ့နံနက်ပိုင်းထိ ပိတ်မိနေသူများကျန်ရှိနေပြီး ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များလည်း ဆက်လက်ကူညီရှာဖွေနေတယ်လို့သိရပါတယ်။

 

Photo – နာရေးကူညီမှုအသင်း အောင်ပန်း