ယမန်နေ့ နေ့လည်ပိုင်းက ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်ပွားကာ အမျိုးသမီး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်းထားတယ်လို့ သိရပါတယ်။
ပြိုကျခဲ့သော ဟိုတယ်အောင်ပန်းအတွင်း ပိတ်မိနေသူများကို တာဝန်ရှိသူများနဲ့ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက်ကူညီဆောင်ရွက်ပေးပြီး ကနဦး သေဆုံးသူ အမျိုးသမီး ၃ ဦး တွေ့ရှိကာ ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ နာရေးကူညီမှုအသင်း အောင်ပန်း မှ သိရပါတယ်။
ယနေ့နံနက်ပိုင်းထိ ပိတ်မိနေသူများကျန်ရှိနေပြီး ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များလည်း ဆက်လက်ကူညီရှာဖွေနေတယ်လို့သိရပါတယ်။

Photo – နာရေးကူညီမှုအသင်း အောင်ပန်း