သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာကိုကူညီဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့မနက် ကူမင်းကနေထွက်ခွာ

မြန်မာကိုကူညီဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့မနက် ကူမင်းကနေထွက်ခွာ

Hsan Loi Editor
29/03/2025
Share:

 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငလျင်ဒဏ်ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ဖို့အတွက် ယနေ့မတ်လ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

 

သဘာဝဘေးအန္တရာယ်ကိုလက်တွဲပြီး တိုက်ဖျက်ခြင်းဖြင့် တရုတ်မြန်မာချစ်ကြည်ရေးကို မြှင့်တင်ရန် သံတမန်အဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဗဟိုပြုကာ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် သျှမ်းပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် ထိခိုက်မှုနှင့် သေဆုံးမှု များပြားကြောင်း သိရပါတယ်။