နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်အားပြင်း ငလျင်ဒဏ်ကြောင့် လက်ရှိ သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိတယ်လို့ စစ်ခေါင်းဆောင်ပြော 

အင်အားပြင်း ငလျင်ဒဏ်ကြောင့် လက်ရှိ သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိတယ်လို့ စစ်ခေါင်းဆောင်ပြော 

Hsan Loi Editor
29/03/2025
Share:

 

မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာမှာ ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် လက် ရှိ သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃၂ ဦးရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းရဲ့ ရုပ်သံလိုင်းမှာ ပြောဆိုသွားပါတယ်။

 

ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတို့မှာ ထိခိုက်ပျက်စီးမှုများပြားပြီး ရရှိတဲ့သတင်းပေးပို့ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် ၉၆ ဦး ၊ စစ်ကိုင်းမြို့မှာ ၁၈ ဦးနဲ့ ကျောက်ဆည်မြို့မှာ ၃၀ ဦးစုစု‌ပေါင်း ၁၄၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများအနေဖြင့် နေပြည်တော်မှာ ၄၃၂ ဦး၊ စစ်ကိုင်းမြို့မှာ ၃၀၀ ဦး စုစုပေါင်း ၇၃၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

 

ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်နေပြီး ထိခိုက်ဒဏ်ရာရသူများနဲ့ သေဆုံးသူများ ဆက်လက် တိုးလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။