ပြီးခဲ့တဲ့ မတ်လ၂၆ ရက်နေ့ နံနက်ပိုင်းက RCSS ထိန်း ချုပ်နယ်မြေတစ်ခုမှာ သျှမ်းပြည် ပြန်လည် ထူထောင်ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့် ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်းတို့က အမှတ်စဉ်(၂၅) အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းတက်ရောက်နေတဲ့ တပ်သားသစ်များကို သွားရောက်တွေ့ဆုံအားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွတ်စစ် နှင့် ဒုဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်း တို့က စစ်ရေးအသိ၊ နိုင်ငံ ရေးအသိ၊ တိုက်ခိုက်ရေးပညာ၊ ခုခံကာကွယ် ခြင်းနည်းပညာ၊ စစ်စည်းမျဉ်းစည်းကမ်းဥပဒေများ၊ တပ်သားတစ်ယောက်၏ ရှိသင့်ရှိထိုက်သောအသိနှင့်စစ်ယဉ်ကျေးမှုများ အသိပေးပြောကြားပြီး အချင်း ချင်း ချစ်ခင်ကြရန် မှာကြားသွားပါတယ်။
အမှတ်စဉ်(၂၅) အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ တပ်သားသစ်(၃၀၀)ခန့် ရှိတယ်လို့ သိရပါတယ်။

Photo – Tai Freedom