သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာက တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA ဖမ်းဆီး

မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာက တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA ဖမ်းဆီး

Hsan Loi Editor
25/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာက တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ယမန်နေ့ မတ်လ ၂၃ ရက် နံနက်အစောပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ SSPP က ယနေ့ထုတ်ပြန်ထားပါတယ်။

 

ကျားဖြန့်ငွေလိမ်ဂိုဏ်း ဝင်ရောက်ဖမ်းဆီးစဉ် တရားမဝင် တရုတ်နိုင်ငံသား အချို့နဲ့ ငွေလိမ်လုပ်ငန်းမှာ အသုံးပြု တဲ့ ဖုန်းမျိုးစုံ၊ iPad ၊ ကွန်ပျုတာမျိုးစုံ တို့ အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထား‌ပေမယ့် ဖမ်းဆီးရမိတဲ့ ပစ္စည်းနဲ့ လူ အရေအတွက်ကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရှိရပါဘူး။

 

ဖမ်းဆီးရမည့်တဲ့ တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးမယ်လို့ ဆိုပါတယ်။

 

SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်း ဖြစ်စေ လက်ခံထားရှိခြင်းမပြုရန်တပ်မှူး ၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါ အဝင် မိဘပြည်သူများအားလုံးသို့ ပြီးခဲ့တဲ့ ယမန်နှစ် မေလ ၁၃ ရက်က SSPP မှ အမိန့်ထုတ်ပြန်ထားခဲ့ပြီဖြစ်ကာ ငွေလိမ်ဂိုဏ်းများနဲ့ ပါဝင်ပါတ်သက်ကြောင်းသိရှိပါက ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။