နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နေပြည်တော်မှာ ကျင်းပနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 မှာ RCSS ကိုယ်စား လှယ် တက်ရောက်ခြင်းမရှိ 

နေပြည်တော်မှာ ကျင်းပနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 မှာ RCSS ကိုယ်စား လှယ် တက်ရောက်ခြင်းမရှိ 

Hsan Loi Editor
25/03/2025
Share:

 

ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှာ ကျင်းပနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 မှာ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS အဖွဲ့အနေနဲ့ ၎င်းရဲ့ ကိုယ်စားလှယ်များ စေလွှတ်တက်ရောက်ခြင်းမရှိဘူးလို့ စုံစမ်းသိရပါတယ်။

 

အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး နိုင်ငံရေးနှင့် လုံခြုံ ရေးကဏ္ဍ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုပြီး ၂ ဖွဲ့ခွဲ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးအမည်ခံ စကားဝိုင်းသည် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့အား ဖိတ်ကြားထားပေမယ့် RCSS အနေနဲ့ ကိုယ်စားလှယ် စေလွှတ်တာမရှိဘူးလို့ RCSS နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကဏ္ဍအသီးသီးမှ ထင် ပေါ်ကျော်ကြားသူများ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင် လာနိုင်စေရန်နဲ့ နိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန် တိုးတက်လာနိုင်စေမည့် ရေတို-ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပတယ်လို့ စစ်ကောင်စီရဲ့ အာဘော်သတင်းဌာနက ဖော်ပြထားပါတယ်။

 

ငြိမ်းချမ်းရေးစကားဝိုင်းကို မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။