နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ထောဝ်ဒေသကို စစ်ကောင်စီ အင်အားဖြည့် ၊  တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာရှောင် တိမ်းနေရ 

နောင်ထောဝ်ဒေသကို စစ်ကောင်စီ အင်အားဖြည့် ၊ တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာရှောင် တိမ်းနေရ 

Hsan Loi Editor
20/03/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ၊ နောင်ထောဝ် ဒေသကို စစ်ကောင်စီက ယခုရက်ပိုင်းထဲ စစ်အင်အားအလုံးအရင်းလိုက်ဖြည့်တင်းနေပြီး စစ်ရေးတင်းမာမှုရှိနေတဲ့အတွက် ရွာခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

 

” တစ်ဖက်ကလည်း ရွာထဲဝင်လာပြီ တစ်ဖက်ကလဲ အင်အားအလုံးအရင်းနဲ့ ရွာနဲ့ နီးနေပြီဆိုတော့ ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တွေကအစ စက်တွေဖြုတ်သိမ်းပြီး အကုန်ရှောင်တိမ်းနေကြပြီ ဘယ်သူမှလည်းမနေရဲတော့ဘူး ” လို့ နောင်ထောဝ် ဒေသခံတစ်ဦးကပြောပါတယ် ။

 

ပအိုဝ်း နဲ့ကရင်နီဒေသကာကွယ်ရေး PDF တပ်တွေနဲ့ စစ်ကောင်စီတပ် ပူးပေါင်းပါ PNO ပြည်သူ့စစ်တို့ထိပ်တိုက် စစ်ဖြစ်ပွားနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သူကပြောပါတယ် ။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နောင်ထောဝ် ဒေသကကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတဲ့အတွက် ရွာခံတွေတောထဲ ထွက်ပြေးကြရတယ်လို့ သိရပါတယ် ။

 

လက်ရှိမှာ နောင်ထောဝ်ဒေသခံတွေဟာ စစ်ရှောင်ဖို့အတွက် တောထဲတောင်ထဲမှာ သွားရောက် နေထိုင်ကြတာရှိသလို ဆီဆိုင်မြို့ ဖက်ကိုလည်း စစ်ရှောင်လာတာရှိတယ် လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ် ။

 

နောင်ထောဝ်ဒေသဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ကရင်နီပြည်က စစ်ရှောင်တွေ အများအပြား လာရောက်ခိုလှုံ နေတယ်လို့လည်း သိရပါတယ် ။

 

ပုံ – ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နောင်ထောဝ်ဒေသခံများစစ်ရှောင်နေသည့် ပုံဟောင်း ။